
ခမ်းပတ်မြို့လေကြောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်(၂)ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ သိရ
ဇန်နဝါရီလ ၁၇ ရက်။ PDF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကိုယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်(၂)ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခမ်းပတ်မြို့ အမှတ်(၁) ရပ်ကွက်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ ကြိမ်ခန့်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ထိခိုက်၊ သေဆုံးတာတွေနဲ့ ပက်သက်ပြီးလည်း ထပ်မံရှာဖွေနေဆဲဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပြီး အခုလို လေကြောင်းကနေ တိုက်ခိုက်ခံရပြီးနောက် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြပါတယ်။ ဒေသခံတစ်ဦးက “လက်ရှိ ကလေးငယ် ၂ ဦး၊ ဘုန်းကြီး ၁ ပါး၊…