
ဟားခါးမြို့အနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ၁၀ ယောက်လောက်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၅ လက်ရရှိခဲ့တယ်လို့ သိရ
အောက်တိုဘာလ ၂၉ ရက်။ ချင်းပြည်နယ် ဟားခါးမြို့အနီးက Kiamtlang ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းတစ်ခုကို ယမန်နေ့အောက်တိုဘာလ ၂၈ ရက်နေ့မှာ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီဘက်က ၄ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၅ လက်သိမ်းဆီးရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/A)က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/A)က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ စစ်ကောင်စီတပ်ဖွဲ့က ၁၅ ယောက်ထဲကနေ ၄ ဦးကို အရှင်ဖမ်းမိတယ်။ ၁၀ ယောက်လောက်ကျတယ်။ လက်နက် ၁၅ လက် ရရှိတယ်။ လက်ရှိဟားခါး အ.ထ.က (၂) မှာ တိုက်ပွဲဖြစ်နေတယ်…