
တီးတိန်မြို့နယ်၊မံဆောင်းတံတားကို PDF-Zoland ဝင်ရောက်ထိန်းချုပ်ပြီး နောက်ပိုင်း ကုန်တင်ကုန်ချ ဘက်လိုက်မှု ပြဿနာ ပြေလည်လာကြောင်းအလုပ်သမားများဆို
နိုဝင်ဘာလ ၂ ရက်။ တီးတိန်မြို့နယ်၊မံဆောင်းတံတားမှာကုန်ကားကြီးများ၏ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ယာယီတံတား ကော်မတီမှ စီမံရာမှာ စီနီယာ အလိုက်ချိတ်ဆက်မှုကို ကျော်လွန်ပြီး ကော်မတီအဖွဲ့ဝင်များ၏ ကားများကို ဦးစားပေး လုပ်ကိုင်ပေးမှုကြောင့် အငြင်းပွားဖွယ်ရာများ ရှိလာရာမှ လွန်ခဲ့တဲ့ ၂ ပတ်ကစပြီး PDF-Zoland တပ်ဖွဲ့ဝင်များ ဝင်ရောက်ထိန်းချုပ်လာကာ အစဉ်လိုက် တန်းစီမှုကို စီမံလိုက် သဖြင့် လက်ရှိတွင် ကုန်တင်ကုန်ချ ဦးစားပေးမှု ပြဿနာ ပြေလည် သွားကြောင်း မံဆောင်းတံတားတွင် ကုန်တင်ကုန်ချ အလုပ်သမား လုပ်သူတစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “အရင်ရောက်ပြီး စီနီယာ ချိတ်တဲ့ ကားတွေကို ကျော်တက်ပြီးတော့ အသိတွေရဲ့ ကားတွေကို ဦးစားပေးပြီး ကုန်ကဲ့ယူ စေခဲ့တာ။ ပြဿနာ အကြီးကြီး…