Headlines

ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်

ဇူလိုင်လ ၁၀ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်းရဲ့ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြခြင်းဟာ ရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ပတ်သတ်သူများကိုလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်နေပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတဲ့ ၎င်းတို့အဖွဲ့တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့နယ်၊ ဗားတံတားသို့ ဖေါက်ခွဲရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် စေခိုင်းခြင်းသာဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊…

Read More

တော်လှန်ရေးရဲဘော် (၃) ဦးနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနှင့် လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Hakha ထုတ်ပြန်

ဇူလိုင်လ ၁၀ ရက်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ယူပို့ဆောင်လာသော စိတ်ကြွဆေးပြား၊ ဘိန်းဖြူအမြောက်အများနှင့် လက်နက်တွေ အပါအဝင် တော်လှန်ရေးရဲဘော် ၃ ဦး နှင့် ယာဉ်မောင်း၊ စပယ်ယာ တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha (CDF – Hakha ) မှ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူလာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ…

Read More

ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့တွေကို NUG အစိုးရ တိုက်တွန်း

ဇူလိုင်လ ၉ ရက်။ ချင်းပြည်နယ်အတွင်းက ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) , ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) တို့ အချင်းချင်းကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ အလေးနက်တိုက်တွန်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင်လ (၄) ရက်နေ့ကစလို့ ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေး လက်နက်ကိုင်များ ဖြစ်တဲ့ CNO/ CNDF နှင့် Chin National Front/ CNF/CNA, CDF –Hualngoram တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဝမ်းနည်းဖွယ်ကြားသိရတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်ထဲမှာ…

Read More

ဇိုမီးအမျိုးသားပါတီမှ အသုံးပြုမယ့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်ကို ၇ ရက်အတွင်း ကန့်ကွက်နိုင်

ဇူလိုင်လ ၈ ရက်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ(ZNP) မှ အသုံးပြုရန် တင်ပြခဲ့ကြသည့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်များကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှ တဆင့် ကြေငြာခဲ့ပါတယ်။ ဇိုမီးအမျိုးသားပါတီရဲ့ ပါတီအမည်၊ အလံ နှင့် တံဆိပ် တို့ကို ကန့်ကွက်လိုပါက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း…

Read More

ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားတဲ့ ချင်းပြည်နယ်အတွက် မဟာ စီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များမိတ်ဆက်ပွဲပြုလုပ်

ဇူလိုင်လ ၇ ရက်။ ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ကိုယ်တိုင်ပြုစုရေးသားထုတ်ဝေတဲ့ အတ္ထုပတိ စာအုပ်အပါအဝင် ချင်းပြည်နယ်ရဲ့ မဟာစီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များ မိတ်ဆက်ပွဲကို ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ၊ လိုင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားပြုစုတဲ့ “Resilient Myanmar & Chin State Master Plan (2025–2045)”, “Unbroken: The Life Journey of Dr. Shwe Hein – A Barefoot Man from Myanmar”, “Thilawa Special Economic Zone and Myanmar’s Economic Prospects”, “Sow…

Read More

အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်

ဇူလိုင်လ ၇ ရက်။ တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု၊ ဒေသ ကိစ္စရေးတွေမှာ လုံးဝ ဝင်ရောက်စွက်ဖက်ပူးပေါင်းပါဝင်ဖို့ အားမပေးကြောင်းနဲ့ အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ Chinland Defense Force – Paletwa ( CDF – Paletwa) က ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်လွတ်မြောက်ရေး အမျိုးသားတည်ဆောက်ရေးလမ်းစဉ်နဲ့ အာဏာရှင်စနစ်ဟူ သမျှ တိုက်ဖျက်ရေးတို့မှာ ရည်မှန်းချက်တူ တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ ဆက်လက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ချင်းပြည်တွင်း ဖြစ်ပွားနေတဲ့ လူမျိုးချင်းတူ ညီအစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စဟာ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွှတ်ရေး လမ်းစဉ်ကို လွန်စွာထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

ရိဒ်ခေါဒါရ်မြို့ကို CNO / CNDF က သိမ်းပိုက်ပြီး CNO / CNDF ဌာနချုပ်ကို CNF/A က ပြန်သိမ်းတယ်လို့ CNO/CNDF ကဆို

ဇူလိုင်လ ၇ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကို ဇူလိုင် ၅ ရက်က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF) က သိမ်းပိုက်လိုက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကလည်း မနေ့ ဇူလိုင် ၆ ရက်မှာ ဖလမ်းမြို့နယ်ထဲက CNO/CNDF ဌာနချုပ်ကို ပြန်သိမ်းလိုက်တယ်လို့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျတော်တို့ ရိဒ်ခေါဒါရ်အကုန်လုံးကို ကျနော်တို့ CNO/ CNDF က ထိန်းချုပ်ထားတဲ့ အခြေအနေမှာရှိပါတယ် အခုလက်ရှိအခြေနေမှာ မနေ့ညက CNA က ဘာမှမဆိုင်ဘဲနဲ့ ကျနော်တို့ ဌာနချုပ်ဘက်ကို အလစ်ငိုက် သိမ်းသွားတာရှိပါတယ် နောက်ပြီး ဖလမ်းဘက်ကိုလည်း သိမ်းဖို့ရန်အတွက် ချီတက်လာတာရှိပါတယ်” လို့ပြောပါတယ်။ HPO/CDF-Hualngoram ထိန်းချုပ်ထားတဲ့…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကသိမ်းပိုက်

ဇူလိုင်လ ၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီး ခြေကုပ်ယူထားတဲ့ တီးတိန်မြို့နယ်၊ စီးယင်းဒေသ မွာလ်ပီးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ဇူလိုင်လ ၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ကလေးမြို့နယ်အစပ် ခိုင်ကမ်းထိ ဆုတ်သွားတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF/A) ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စကစ စခန်းတွေကို သိမ်းပိုက်နိုင်တယ်ဆိုတာ အတည်ပြုလို့ ရပါတယ် ဒါပေမယ့် စကစတွေ ကလေးနယ်စပ် ခိုင်ကမ်းကို ဆုတ်ကြတာပါ”လို့ပြောပါတယ်။ ကလေးမြို့နဲ့ ၁၇ မိုင်အကွာ ကလေး-သိုင်းငင်းလမ်းပေါ်က မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည် (Chinland)ကောင်စီတပ်ဖွဲ့ ၊…

Read More

HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်

ဇူလိုင်လ ၅ ရက်။ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့…

Read More

ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) က နိုင်ငံရေးပါတီမှတ်ပုံတင်ပေးဖို့ လျှောက်ထား

ဇူလိုင်လ ၄ ရက်။ ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (Zomi National Party) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုဇူလိုင်လ ၃ ရက်နေ့မှာ လျှောက်ထားခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရ ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိထားတဲ့ ဇိုမီးအမျိုးသား ပါတီ (ZNP) က ပါတီ တည်ထောင်ခွင့်ပြုတဲ့ နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့ အညီ မှတ်ပုံတင်ပေးဖို့ လျှောက်ထားတာ လို့ ဖော်ပြထား ပါတယ်။ ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊…

Read More