
CDF – Daai အနေနဲ့တပ်သားသစ်ရရှိရေး ဆောင်ရွက်တာရှိပေမယ့် အသက်မပြည့်တဲ့ကလေးတွေနဲ့ မကျန်းမာသူတွေကိုတော့ စစ်သင်တန်းမတက်ခိုင်းကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီဥက္ကဌပြော
မတ်လ ၅ ရက်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသအတွင်း CDF – Daai အနေနဲ့ တပ်သားသစ်ရရှိရေး ဆောင်ရွက်တာတွေရှိပေမယ့် အသက်မပြည့်တဲ့ ကလေးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကိုတော့ စစ်သင်တန်းတက်ခိုင်းတာမျိုး မလုပ်ဘူးလို့ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) ဥက္ကဌ ကိုအောင်မင်းက Chin World Media ကိုပြောပါတယ်။ ပလက်ဝမြို့နယ်၊ လေမြိုချောင်းရှိ ကျေးရွာ ၉ ရွာခန့်က ဒေသခံအယောက် ၅၀ ကျော်ကို စစ်သင်တန်းတက်ရောက်ဖို့ CDF – Daai က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပလက်ဝဒေသခံတစ်ချို့ပြောဆိုတာတွေအပေါ် သင်တန်းသားအသစ်ရရှိရေး စည်းရုံးရေးဆင်းတာတွေကို ဒိုင်ရ်ဒေသက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ပါဝင်ကြတာလို့ ဒိုင်ရ်ဒေသန္တရကောင်စီဥက္ကဌ ကိုအောင်မင်းကပြောပါတယ်။ “ဒိုင်ရ်ဒေသမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးရဲဘော်တွေ သင်တန်းသားအသစ်ရရှိရေး…