Headlines

ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒါ့ပြင် ချင်းပြည်နယ်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။…

Read More

ရည်မှန်းချက်တူတဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ CPU / CPA ကထုတ်ပြန်

ဇန်နဝါရီလ ၁၂ ရက်။ စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ရေးနိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union )/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) က ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို ချင်းညီနောင်အဖွဲ့ဝင်များဖြင့်ကြတဲ့ မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း…

Read More

ရထားလမ်းသစ်ကြောင့် ၄ လအတွင်း မီဇိုရမ်ပြည်ဝင်ခွင့်လက်မှတ် (ILP) ၂၂,၀၀၀ ကျော် ထုတ်ပေးခဲ့ရ

ဇန်န၀ါရီလ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ရဲ့ Bairabi-Sairang ရထားလမ်းပိုင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း၊ Sairang ဘူတာမှာ လာရောက်လည်ပတ်သူတွေကို ထုတ်ပေးခဲ့ရတဲ့မီဇိုရမ်ပြည်၀င်ခွင့်လက်မှတ် Inner Line Permits (ILP) ပေါင်း ၂၂,၀၀၀ ကျော် ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း Mizoram News သတင်းမှာဖော်ပြပါတယ်။ ILP ဟာ မီဇိုရမ်ပြည်လို လူနည်းစုတိုင်းရင်းသားပြည်နယ်များကို အကာအကွယ်ပေးထားတဲ့ပြဋ္ဌာန်းချက်ဖြစ်ကာILP လက်မှတ်ဟာ အဆိုပါဒေသတွေကို ဝင်ရောက်မယ့် အိန္ဒိယနိုင်ငံသားတွေအတွက် ထုတ်ပေးတဲ့ တရားဝင် ခရီးသွားခွင့် လက်မှတ်တစ်ခုဖြစ်ပြီး ယခုလိုဆောင်ရွက်တာဟာ ၁၈၇၅ ခုနှစ်၊ ဗြိတိသျှအစိုးရက ထုတ်ပြန်ခဲ့တဲ့ ၁၈၇၃ ခုနှစ် ဘင်္ဂလားအရှေ့ပိုင်း နယ်စပ်စည်းမျဉ်း (BEFR) ရဲ့ ပြဋ္ဌာန်းချက်တစ်ခု ဖြစ်ပါတယ်။ Sairang ဘူတာရှိ ILP ကောင်တာမှာရှိတဲ့ ရဲအရာရှိတစ်ဦးရဲ့ ပြောပြချက်အရ ရထားလမ်းစဖွင့်ခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ပြီးခဲ့တဲ့နှစ်ကုန်အထိ ခရီးသွားတွေ၊ ကုန်သည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား…

Read More

ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်းစိတ်ဝမ်းကွဲတာမဖြစ်ဖို့အတွက် လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်လို့ သိရ

ဇန်နဝါရီလ ၉ ရက်။ ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေအတွင်းက နေရာ (၈) နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ တွေမှာ တော်လှန်ရေးကာလ ၊ ကြားကာလမှာ စိတ်ဝမ်းကွဲတာ၊တော်လှန်ရေးနှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းနဲ့ဆမီးဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး မြေပြင်လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်လို့ ပလက်ဝကောင်စီ က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ တော်လှန်ရေးကာလ၊ ကြားကာလတွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ် တစ်မြို့နယ်အတွင်းမှာ အာရက္ခတပ်တော်(ULA / AA)အပါအဝင် ချင်းလက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့က စစ်ရေး၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပြီး ဒီလိုအခင်းအကျင်း စိန်ခေါ်မှုတွေက စိတ်ဝမ်းကွဲစေတာမျိုး မဖြစ်စေဖို့နဲ့ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့တို့ကို အဓိကထားပြီး ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေမှာ ပြည်သူလူထုနဲ့…

Read More

ကလေး – ဝေဘူလ – ဖလမ်း ကားလမ်း ကို ပြုပြင်ဖောက်လုပ်ခဲ့ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၇ ရက်။ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို Institute of Chin Affairs ( ICA) ရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် CNO ဒေသခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လမ်းပြုပြင်ဖောက်လုပ်မှုတွေပြုလုပ်ခဲ့ကြောင်း ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ဖို့ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို ပြုပြင် ဖောက်လုပ်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ…

Read More

အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ စာရင်း ထုတ်ပြန်

ဇန်နဝါရီလ ၅ ရက်။ ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ယောက် နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်စာရင်းကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာပါတယ်။ အမျိုးသားလွှတ်တော်နေရာမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၂ ယောက်ဖြစ်ကာ ပြည်သူ့လွှတ်တော်နေရာမှာ ဟားခါးနဲ့တီးတိန်မြို့နယ်က အနိုင်ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း ၂ ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ရွေးကောက်ပွဲ အပိုင်း…

Read More

မတူပီမြို့နယ်အုပ်ချုပ်ရေးကို မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြည်သူ့ရေးရာ လုပ်ငန်းတွေကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်သွားမယ်လို့ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလ ၃၀ – ၃၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး အဲဒီညီလာခံကို ကျေးရွာ၊ ရပ်ကွက်၊ တိုက်နယ် အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်ရှိသူတွေ နဲ့ မြို့နယ်အတွင်း လည်ပတ်နေတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် ( MRO )/ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( CDF – Matupi) အကြီးအကဲတွေနဲ့ လူမှုရေး ၊ ဘာသာရေး ခေါင်းဆောင်တွေ လူဦးရေ စုစုပေါင်း ၁၀၀…

Read More

ဖလမ်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက်က စစ်သုံ့ပန်းတချို့ဖမ်းဆီးရမိ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တချို့ကျဆုံး

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အကြား ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိသလို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးတဲ့ရဲဘော်တွေလည်း ရှိတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ ( CNO/ CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO/ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဒီနေ့လည်း တိုက်ပွဲတော်တော်ပြင်းထန်နေပါတယ် ကျနော်တို့ဘက်က ကျတဲ့ရဲဘော်လည်းရှိတယ် နောက်ပြီး စစ်သုံ့ပန်းဖမ်းဆီးရမိတာတွေရော လက်နက်သိမ်းဆည်းရမိတာတွေလည်းရှိတယ် စစ်သုံ့ပန်း ဘယ်နှယောက် ဖမ်းဆီးရမိတယ် လက်နက်ဘယ်လောက် သိမ်းဆည်းရမိလဲဆိုတာတော့ ကျနော်တို့ အတည်ပြုလို့မရသေးပါဘူး ဒီနေ့ဟာတော့” လို့ပြောပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့ ၃…

Read More

ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Halta ရွာနဲ့ Haiphai ကျေးရွာတွေကိုစစ်ကော်မရှင်တပ်က မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် သားအမိ ၃ ဦးသေဆုံးပြီး ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် Halta ကျေးရွာက ဒေသခံမိသားစု တစ်စုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ မိခင် အသက် ၄၀ ကျော်အရွယ်ဟာ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူဟာ ဗုံးစစိုက်ဝင်လို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က Halta ရွာနဲ့ Haiphai ကျေးရွာကနေ အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း…

Read More

ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှု များလာကာ တချို့နေရာ တောင်ဂတုံးဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားလာ

ဇန်နဝါရီလ ၂ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ အာဆီယံအမွအနှစ် ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း အမှု ၁၆ မှုရှိခဲ့ပြီး အဲဒီအမှုများအတွက် အရေးယူထားတာရှိသလို သစ်တောကြိုးဝိုင်းရဲ့တချို့နေရာတွေ တောင်ဂတုံးဖြစ်လာတဲ့အထိ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံက ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ဟာ မည်သည့် ဥပဒေမှ မရှိတော့ဘဲ လုပ်ချင်ရာလုပ်လို့ရတယ် ဆိုပြီး အချို့က ဘိုးဘွားပိုင်ကို အကြောင်းပြုကာ နတ်မတောင် သစ်တောဧရိယာ ဖြစ်သည်ကို သိထားသော်လည်း တားမြစ်သစ်တောထွက် သဘာဝသံဇာတတွေကို ခိုးယူထုတ်လုပ်ရောင်းချတာ သစ်တောကြိုးဝိုင်းအတွင်း လူနေအိမ်တွေဆောက်လုပ်တာ ဥယာဉ်ခြံမြေအဖြစ် ခုတ်ထွန်ရှင်းလင်းတာ နဲ့ ကိုယ်ကျိုးအတွက် မြေနေရာရောင်းချတာ…

Read More