ZFU/PDF-Zoland မှ အရွယ်ရောက်သူတိုင်း (၃) နှစ် စစ်မှုထမ်းရမည် ထုတ်ပြန်ပြီးနောက် လိုင်တွီးရွာသား လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်
မတ်လ ၂၄ ရက်။ တီးတိန်ခရိုင်အတွင်း အခြေပြု စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Zomi Federal Union (ZFU)/ PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်လို့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်၊ တီးတိန်မြို့နယ် လိုင်တွီး (Laaitui) ကျေးရွာအတွင်း ဝင်ရောက်ကာ လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ “မတ်လ (၂၃) ရက်နေ့မှာ PDF-Zoland တပ်ဖွဲ့ဝင်တွေ လိုင်တွီးရွာ ကို ရောက်လာပြီး ပြန်လှည့်ကြတယ်။ ဒီနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှာ Forland ကားတစ်စီး…

