Headlines

တိုက်ပွဲမရှိတဲ့ ကလေးမြို့နယ် လက်ပံချောင်းရွာကို စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ ၄ ဦး သေဆုံး

နိုဝင်ဘာလ ၂၆ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အနောက်မြောက်ပိုင်းဒေသက ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ လက်ပံချောင်းကျေးရွာကို တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်က ဒီကနေ့နိုဝင်ဘာလ ၂၆ ရက်မှာ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦးဒေသခံပြည်သူ ၄ ဦး သေဆုံးပြီလို့ သိရပါတယ်။ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပေမယ့် စခန်းကြီးကျေးရွာ ဘက်ကနေ လေ့ကျင့်ရေး ၁၀ ထင်ပါတယ် ကျနော်အထင်တော့ သူတို့လေ့ကျင့်ရင်းနဲ့ ပြည်သူတွေကို အလကားနေရင်းသတ်နေတာ နေမှာပါ့ ေလာလောဆယ် လေးယောက်သေတယ်လို့ အကြမ်းဖျင်းသိထားရတယ်” လို့ပြောပါတယ်။ ကလေးမြို့နယ်ထဲက စစ်ကောင်စီလေ့ကျင့်ရေးစခန်းတွေ တပ်စခန်းတွေရှိတဲ့ စခန်းကြီးကျေးရွာကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကနေစလို့ ၁၀ နာရီခွဲအထိ ၄…

Read More

ရေနစ်သေဆုံးသွားတဲ့ ပလက်ဝမြို့နယ်က စစ်ရှောင်ခရစ်ယာန်ဓမ္မဆရာတစ်ဦးရဲ့ အလောင်းပြန်ရှာမတွေ့သေးဘူးလို့သိရ

နိုဝင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဘောင်းဝီးကျေးရွာနေ ခရစ်ယာန်ဓမ္မဆရာတစ်ဦးဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ဘက်ကို စစ်ဘေးရှောင်ဖို့သွားစဉ် ကုလားတန်မြစ်ထဲမှာစက်လှေပေါ်က ပြုတ်ကျတဲ့ သမီးဖြစ်သူကို ကယ်ဆယ်ရင်း ရေနစ်ပြီးတော့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “သူတို့က အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့သွားတာ ကုလားတန်မြစ် အထက်ဘက်က ရေစီးကသန်တယ်ဗျ အဲဒီဘက်မှာသူတို့စီးတဲ့ စက်လှေ ပန်ကာကကျိုးသွားတယ် ပန်ကာကျိုးသွားတဲ့ခါကျတော့ စက်လှေကမောင်းလို့မရတော့ဘူး ရေစီးအတိုင်းမျောတယ် ရေစီးကသန်တဲ့ခါကြတော့ လှေကမှောက်ပြီးတော့ သမီးကအောက်ကိုပြုတ်ကျသွားတယ် ပြုတ်ကျတဲ့သမီးကို သူ့အဖေကသွားကယ်ရင်းနဲ့ ရေနစ်ပြီးတော့သေသွားတယ် သမီးကတော့ ဘာမှမဖြစ်ဘူး။ အခုချိန်ထိတော့ အလောင်းကိုမတွေ့ရသေးဘူး” လို့ပြောပါတယ်။ မိသားစုအလိုက် ထွက်သွားလို့မရတာကြောင့် ရေနစ်သေဆုံးသွားတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ အမျိုးသမီးက လွန်ခဲ့တဲ့လေးရက်လောက်ကစလို့ ရွာကနေ အရင်ထွက်သွားပြီး သူ့သမီးနဲ့သူကတော့…

Read More

ရခိုင်ပြည်နယ်ဘက်ကို စစ်ကူလာတဲ့ကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို အမ်း – ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲမှာ ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ထုတ်ပြန်

နိုဝင်ဘာလ ၂၅ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အင်အားဖြည့်ဖို့ စစ်ကူလာတဲ့ စစ်ကားတွေကို ကားလမ်းမတစ်လျှောက် လုံခြုံရေးယူပေးဖို့ အမ်း – ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲကို လာရောက်တဲ့ စစ်ကောင်စီတပ်သား (၂၀) ကျော်ကို ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းခြောက်နာရီဝန်းကျင်မှာ ချုံခိုတိုက်ခိုက်ခဲ့ကာ အဆိုပါချုံခိုက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ များသလို စစ်ကောင်တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အမ်အေ(၁) အမျိုုးအစား၊ သေနတ် (၁) လက်၊ ကျောပိုးအိတ် (၁)လုံး၊ တပ်မ (၈၈) တံဆိပ်စစ်အကျီနှင့် စစ်ဝတ်စုံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)ကထုတ်ပြန်ထားပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို…

Read More

ငဖဲမြို့နယ်က ချင်းတွေနေထိုင်တဲ့ ဘုံးဘောကျေးရွာက နေအိမ်အားလုံးကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၂၅ ရက်။ အရှိုချင်းလူမျိုးတွေနေထိုင်တဲ့ အိမ်ခြေ တစ်ရာခန့်ရှိတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာ ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီလောက် ဝန်းကျင်ကစပြီး ရွာလုံးကျွတ်နေအိမ်အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “အိမ်ခြေတစ်ရာခန့်ရှိတယ် ဒီရွာက မီးမရှို့ခင် တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်ပြီးမှ မီးရှို့တာ။ ရွာသားတွေက ပြီးခဲ့တဲ့လက ထိတွေ့တိုက်ပွဲတွေ ရှိခဲ့လို့ အနီးအနားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လက်ရှိအချိန်ထိ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်” လို့ပြောပါတယ်။ အဲဒီ နိုဝင်ဘာလ ၂၃ ရက်နေ့က အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေက ဘုံးဘောရွာနားက ကျွဲတလင်းရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး နေလယ် ၁ နာရီလောက်မှာ ဘုံးဘောရွာကို…

Read More

ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ

နိုဝင်ဘာလ ၂၅ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေ ကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရကာ ဒေသခံတွေက သူမကို ဆမီးမြို့အနားမှာ ပြန်တွေ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ဆမီးမြို့ ဒေသခံ အမျိုးသမီးဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ဟင်းထွက်ရှာစဉ် နေအိမ်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဆမီးမြို့အနားက စောချောင်းဝမှာ သူမကို မြက်ပင်တွေနဲ့ ဖုံးထားတာကို ရှာဖွေသူတွေက တွေ့ရှိခဲ့ကာ ဆမီးဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၂…

Read More

မတူပီဒေသတွင်း လမ်းတွေဖောက်လုပ်တာ၊ ပြုပြင်တာတွေလုပ်နေပြီး မီဇိုရမ် – မတူပီ မော်တော်ယာဉ်တွေတိုက်ရိုက်ရောက်နိုင်ဖို့ကိုလည်းဆောင်ရွက်နေတယ်လို့ CDF – Matupi တပ်မဟာ – ၁ ထုတ်ပြန်

နိုဝင်ဘာလ ၂၃ ရက်။ ချင်းပြည်နယ်၊ မတူပီ ဒေသအတွင်း ပြည်ထောင်စုလမ်းမတွေ၊ ရွာချင်းဆက် ဖွံ့ဖြိုးရေး လမ်းတွေကို ဖောက်လုပ်၊ ပြုပြင်နေတဲ့အပြင် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မတူပီ တိုက်ရိုက် မော်တော်ယာဉ် ရောက်ရှိနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁)က ထုတ်ပြန်ပါတယ်။ မတူပီ – မင်းတပ်လမ်း၊ မတူပီ – ပလက်ဝလမ်း၊ မတူပီ – လိုင်လင်းပီ/မီဇိုလမ်းနဲ့ ရွာချင်းဆက်လမ်းတွေကို အဓိက တူးဖော် ပြုပြင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မတူပီ – မင်းတပ်လမ်းကြီးရဲ့ လည်မျိုတံတားအတက် ချောက်ကမ်းပါးမြေပြိုမှုကြောင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အထိ ဆိုင်ကယ်၊ ကားတွေ…

Read More

ပလက်ဝမြို့နယ်က ဒေသခံကျောင်းဆရာမ တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့သေဆုံးတယ်လို့ သိရ

နိုဝင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတောင်ယာသွားစဉ် မြေမြုပ်မိုင်းနင်းမိလို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားသူဟာ ဟားလာဝကျေးရွာနေ ကျောင်းဆရာမ ဒေါ်နိုင်နိုင်ဝင်းလို့ သိရပြီး ဒီကနေ့ မနက်ပိုင်းတောင်ယာသွားလမ်းမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဝေးကနေ သိရတာကတော့ မိုင်းနင်းမိလို့ သေဆုံးသူက ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကျောင်းဆရာမတစ်ဦးလို့ သိရတယ်၊ အိမ််ထောင်သည်အမျိုးသမီးလည်းဖြစ်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင််း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀၃ ဦး အထိရှိခဲ့ပြီး…

Read More

ဖလမ်းမြို့နဲ့မင်းတပ်မြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီမှ လေကြောင်းပစ်ကူတချိန်လုံးပေးနေ၊ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများရရှိထားကြောင်းသိရ

နိုဝင်ဘာလ ၂၂ ရက်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၁ ရက်က ဖလမ်းမြို့တိုက်ပွဲမှာလေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးခဲ့ကာ ၊မင်းတပ်မြို့မှာလည်း နိုဝင်ဘာလ ၂၁ ရက်ညက တညလုံးနီးပါး ပစ်ကူတွေတောက်လျှောက်ပေးနေကြောင်း၊ ဖလမ်းမြို့နဲ့မင်းတပ်မြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီမှ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူမျိုးစုံနဲ့စစ်ကောင်စီတပ်ကခုခံနေကြောင်း၊ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများရရှိထားကြောင်း၊ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာမှာ ချင်းညီနောင်အဖွဲ့တာဝန်ရှိသူတွေပြောကြားချက်အရသိရပါတယ်။ “မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)မှပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက…

Read More

တီးတိန်မြို့နယ်မှာ ထောပတ်သီးနဲ့မျောက်ငိုသီးကို စတင် ဝယ်ယူလာကြ

နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ် တီးတိန်မြို့နယ် အနောက်ဘက်ခြမ်း ဒေသတွေမှာ နှစ်ရှည်ပင် အသီးများဖြစ်တဲ့ ထောပတ်သီး နှင့် မျောက်ငိုသီးများ ဈေးကောင်း မရသေးသော်လည်း ဝယ်လက်များမှ စတင် ဝယ်ယူနေပြီလို့ ဒေသခံများ ဆီကနေ သိရှိရပါတယ်။ ” ထောပတ်သီး တအိတ်ကို ၆ သောင်း လောက်နဲ့ စုဆောင်း ဝယ်ယူ နေကြပါတယ်။ အရင်နှစ် ကလည်း အဲလောက် နဲ့ပဲ ဝယ်ကြတာ ဆိုတော့ ငွေကြေး ဖောင်းပွနှုန်း နဲ့ဆို ကျတယ် လို့ ပြော လို့ရတယ်။ မျောက်ငို ကတော့ နည်းနည်း နုသေးတယ်။ လက်ရှိမှာ တထောင့်ကို ကျပ် ၁၀၀ နဲ့ ဝယ်ကြတယ်။ အရင်နှစ် ကဆို ရာသီ…

Read More

ချင်းပြည်နယ်မှာ ၄ လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့

နိုဝင်ဘာလ ၂၁ ရက်။ ၂၀၂၄ ခုနှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီက ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၃၅ ကြိမ် လုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၊ ကလေးငယ်အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ Blood Money-သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒီ ၄ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ကစခဲ့တဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းပြည်နယ်ရဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့…

Read More