Headlines

လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံးပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

အောက်တိုဘာလ ၃၀ ရက်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားဖို့ CDF –Thantlangရဲ့ ပညားရေးဌာန က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ နေ့စဉ် လူနေအိမ်နှင့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို စာသင်ကျောင်းတွေ အားလုံးပိတ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို လေကြောင်းကနေ…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွါးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦး ကျဆုံး၊တီးတိန်နယ်မှာစစ်ရေးတင်းမာနေ

အောက်တိုဘာလ ၂၉ ရက်။ တီးတိန်မြို့နယ်၊မွာလ်ပီးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ တီးတိန်မြို့နယ်အခြေစိုက်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၂ နာရီခွဲ က စပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွါးကာ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊ ခံတပ် တစ်ခုကို လည်း လက်လွှတ် လိုက်ရကြောင်း၊တီးတိန်နယ်မှာစစ်ရေးတင်းမာနေကြောင်း၊တီးတိန်မြို့နယ် စီးယင်းဒေသကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ CDF-CDM-Siyin ၏ တာဝန်ရှိသူ တစ်ဦး ထံမှ သိရှိရ ပါတယ်။ “စစ်ကောင်မရှင် စစ်သားတွေက စစ်ကြောင်း လေးခုခွဲပြီး တက်လာတယ်။ မွာလ်ပီးမှာ ရှိတဲ့ ပထမ ခံတပ်ကနေ ခုခံ တိုက်ပွဲ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘက်က…

Read More

ဟားခါးမြို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်အထိ ညမထွက်ရအမိန့် CDF-Hakha ထုတ်ပြန်

အောက်တိုဘာလ ၂၈ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကို မနက်ဖြန် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ဇန်နဝါရီလ (၃၁)ရက်အထိ ည ၇ နာရီကနေ မနက် ၅ နာရီအကြား မည်သူမှ ညမထွက်ရ အမိန့်ကို ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha Central Council က ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့က ရွေးကောက်ပွဲကို အကြောင်းပြကာ အချိန်မရွေး ညသန်းကောင်အချိန်များ တွင်ပါ လူနေအိမ်များဝင်စစ်ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ရတာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဤအမိန့်လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး…

Read More

ရွေးကောက်ပွဲ အပိုင်း (၂) မှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိ

အောက်တိုဘာလ ၂၈ ရက်။ စစ်ကော်မရှင်မှ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်တွင် ပြုလုပ်မှာဖြစ်ကြောင်း၊အဆိုပါ မြို့နယ် ၁၀၀ စာရင်းမှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းများ အရ သိရှိခဲ့ ရပါတယ်။ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် စာရင်းတွင်…

Read More

တီးတိန်မြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ် ၁၀ ကြိမ် ဆင်းသက်ကာစစ်အင်အားဖြည့်တင်း

အောက်တိုဘာလ ၂၇ ရက်။ တီးတိန်မြို့မှာ မနေ့ အောက်တိုဘာလ ၂၆ နေ့နဲ့ ဒီကနေ့ ၂ ရက် အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ်များ ၁၀ ကြိမ် ဆင်းသက်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့ တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေက မနေ့က စပြီး ၂၆၉ တပ်ရင်းက ရဟတ်ယာဉ်ကွင်းမှာ ဆက်တိုက် ဆင်းသက် ခဲ့တာဗျ။ မနေ့က ၅ ကြိမ် လာဆင်းသွားတယ်။ ဒီနေ့လည်း ငါးကြိမ် လာဆင်းသွားတယ်။ နှစ်ရက်အတွင်း ၁၀ ကြိမ် လာဆင်းသွားတယ်” လို့ တီးတိန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ ရဟတ်ယာဉ်များ နဲ့ အတူ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး လည်း…

Read More

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းလွှဲများ ခေတ္တ ပိတ်ထားမယ်လို့ထုတ်ပြန်

အောက်တိုဘာလ ၂၇ ရက်။ စစ်ကောင်စီစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းကြီးပေါ်ရှိ စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ထားသည့် လမ်းပိုင်းများ လွှဲနိုင်ရန် ဖောက်ထားသည့် ဆိုင်ကယ်လမ်း(တောလမ်း)များကို ဒီကနေ့ အောက်တိုဘာလ ၂၇ နေ့က စပြီး ခေတ္တ ပိတ်ထားမယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin က သတင်းထုတ်ပြန်လိုက် ပါတယ်။ “အခု ခေတ္တ ပိတ်လိုက်ရတဲ့ ဆိုင်ကယ်လမ်းတွေက ထုတ်ပြန်ချက်ထဲမှ ပြောထားသလိုပဲ အများပြည်သူရဲ့အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေဖို့ ဆိုပြီး ဖောက်ထားတဲ့ တောလမ်းတွေ ဖြစ်ပါတယ်။ စစ်ကြောင်း နဲ့ တိုးမိရင် ပြည်သူတွေ အတွက် အန္တရာယ် အရမ်းများလို့ပါ” လို့ CDF-CDM-Siyin တာဝန် ရှိသူ တစ်ဦးက Chin…

Read More

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါးနဲ့တီးတိန်မြို့မှာသာ ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ မှ သာ ထန်တလန်၊ဖလမ်း၊တွန်းဇံမြို့နယ် များပါဝင်လာမယ်လို့ သိရ

အောက်တိုဘာလ ၂၂ ရက်။ ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်စစ်တပ်မှထိန်းချုပ်ထားတဲ့ ဟားခါးနဲ့တီးတိန်မြို့မှာသာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမှာဖြစ်ပြီး လူသူကင်းမဲ့တဲ့ ထန်တလန်မြို့အပါအဝင် လက်ရှိမှာ ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ် နှင့် ဖလမ်းမြို့နယ်တွေကတော့ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ နဲ့၃ မှာ ပါဝင်လာမယ်လို့ ချင်းပြည်နယ်ကိုယ်စားပြုပြိုင်မယ့် နိုင်ငံရေးပါတီတွေဆီက သိရှိရပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း အပြီး ပြုလုပ်သွားမယ်လို့ အောက်တိုဘာ ၁၈ နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားသွားတယ်လို့ ချင်းပြည်နယ်အတွင်း…

Read More

ချင်းပြည်နယ်မှာ လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း ၈၃ ဦးယှဉ်ပြိုင်မည်

အောက်တိုဘာလ ၂၁ ရက်။ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ နာမည်စာရင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး လွှတ်တော် ၃ ရပ်( အမျိုးသား၊ပြည်သူ့၊ပြည်နယ်) လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာအတွက် ဝန်ကြီးဟောင်း ဦးစိုးထက်(NCC) ၊ ဝန်ကြီးဟောင်း ဦးနိုးထန်ကပ်(NCC)၊ဝန်ကြီးဟောင်းဦးပေါင်လွန်မင်ထန်း(ZNP) အပါအဝင် ကိုယ်စားလှယ်လောင်း ၈၃ ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမည်စာရင်းထုတ်ပြန်ချက် အရသိရပါတယ်။ ချင်းပြည်နယ်မှာ ခူမီးအမျိုးသားပါတီ (KNP) မှ တစ်နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ၉ နေရာ၊ ဇိုမီးအမျိုးသားပါတီ…

Read More

ဟားခါးမြို့နယ် ဇာထာလ်ရွာစာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၂၁ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဇာထာလ်( Zathal) ကျေးရွာကစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆဲန်ထန်ကောင်စီ(Senthang Council) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်က ဇာထာလ်( Zathal) ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထားပြီး ၁၂ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ် ၁နာရီမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး အခုလို ကလေးသူငယ်နဲ့ ပြည်သူတွေပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်းလုပ်ရပ်ပေါ် ပြင်းထန်စွာ ကန့်ကွက်တဲ့ကြောင်းကိုလည်း ဆဲန်ထန်ကောင်စီက ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်အနေနဲ့ ၎င်းတို့…

Read More

ဆောမြို့မှာ စစ်ဘေးရှောင် ချင်းအမျိုးသမီးတစ်ဦးကို ရတနာပစ္စည်းလုယူပြီး ရက်ရက်စက်စက် သတ်ဖြတ်

အောက်တိုဘာလ ၂၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မကွေးတိုင်း၊ ဆောမြို့ကို စစ်ဘေးရှောင်နေတဲ့ အသက် ၆၂ ကျော်အရွယ် ချင်းအမျိုးသမီးတစ်ဦးဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရတနာပစ္စည်းလုယူခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံထားကာ ဆာလာအိတ်နှင့် ထုတ်ထားတဲ့ သေဆုံးလျက် သူမအလောင်းကို ဒေသခံတွေက ပြန်တွေ့ကြတယ်လို့ သိရပါတယ်။ ဆောမြို့ကို စစ်ဘေးရှောင်နေတဲ့ မင်းတပ်မြို့နယ် ဒေါက်ဒွေကျေးရွာက ဒေါ်ရှိန်းခေါဝါ (၆၂) နှစ်အရွယ်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ထင်းရှာဖို့ သန်းပင်ခုံ စုန်းတလင်းပြင် ဥယျာဉ်တောဖက်ကို ထွက်သွားရင်း ပျောက်ဆုံးခဲ့ကာ ရပ်ကွက်နေပြည်သူတွေက လိုက်လံရှာဖွေခဲ့ကြပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ဥယျာဉ်တောထဲမှာ ဆောက်ထားတဲ့…

Read More