
ပလက်ဝမြို့နယ်က ဒေသခံ ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ပေးဖို့ GKYA က တောင်းဆို
ဧပြီလ ၂၇ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်တဲ့ အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးကို ULA / AA အနေနဲ့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန် နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားပါတယ်။ ဒီအမှုနှင့်ပတ်သက်ပြီး ULA/AA အနေဖြင့် လျင်မြန်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်ခံရသူအတွက်လိုအပ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေအကာအကွယ် နှင့် အခြားလိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊…