မရာနိုင်ငံရေးကို ဦးဆောင်ဖို့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီ – Political Steering Committee ကို ဖွဲ့စည်း
ဒီဇင်ဘာလ ၂၀ ရက်။ မရာနိုင်ငံရေးကို ဦးဆောင်ဖို့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီ – Political Steering Committee ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မရာပဋိညာဉ်အား မြေပြင်နှင့်ထပ်တူ ပိုကျတဲ့ ပဠိညာဉ်ဖြစ်လာစေရေးရည်ရွယ်ပြီးပြင်ဆင်ရေးကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF)က ဒီဇင်ဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မရာပဋိညာဉ်အရ အက်ဥပဒေ(၃) ခု ပြင်ဆင်ရေးနဲ့ အက်ဥပဒေကြမ်း ၁ ခုတို့ကို တင်သွင်းဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးအက်ဥပဒေ ပြင်ဆင်ခြင်းနဲ့ လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေတို့ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြပြီး ကျန်အက်ဥပဒေ ၂ ခုတို့အား Council Bill Committee ထံလွှဲအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ ဗဟိုကောင်စီအစည်းအဝေးအတွင်း ပြည်တွင်း/ ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊…

