ရွေးကောက်ပွဲအလွန် ချင်းပြည်ကိုမကြာခဏ လေကြောင်းကနေ တိုက်ခိုက်လာတဲ့ စစ်ကော်မရှင်
ရေး – DonBosco ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကို ပုံစံအမျိုးမျိုးနဲ့ အသုံးချဖို့ ကြိုးစားနေပေမဲ့၊ မြေပြင်မှာတော့ မြေလှန်စနစ် (Scorched Earth Policy) နဲ့ လေကြောင်းဗုံးမိုးတွေကို အရှိန်မြှင့်ပြီး အရပ်သားတွေကိုပါ စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ မြေပြင်စစ်ရေးမှာ အကြီးအကျယ် အရေးနိမ့်နေတာကို လေကြောင်းအင်အားနဲ့ ဖုံးဖိဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆိုထားပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ “စနစ်တကျ လုပ်ဆောင်နေတဲ့ ပုံစံတစ်ခု (Systematic pattern)” ဖြစ်ပြီး၊ အရပ်သားလူထုကို ထိတ်လန့်တုန်လှုပ်စေဖို့ (Terrorize communities)…

