Headlines

admin

ဟားခါးမြို့မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရ

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုက်ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီ ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မနေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့ပေါ် ရပ်ကွက် ( ၈) ခုမှာ မဲရုံ (၁၂) ရုံ ထားရှိကာ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။…

Read More

ဒီနေ့ ရွေးကောက်ပွဲနေ့မှာ ကလေးမြို့ပေါ်မှာလူအသွားအလာ မရှိသလောက်နည်းပါး

ဒီဇင်ဘာလ ၂၈ ရက်။ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူတွေဟာ အပြင်ထွက်သွားလာတာ မရှိသလောက်နည်းပါးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက ” အခြေအနေကတော့ ပြည်သူလူထုက အသံတိတ်သပိတ် လုပ်ကြတဲ့ ပုံစံမျိုးပဲ လမ်းတွေပေါ် လူကိုရှင်းနေတာပဲ ဒါကိုကြည့်ပြီး မဲရုံသွားပြီး မဲမပေးကြဘူးဆိုတာ သိနိုင်တာပေါ့ မဲပေးတဲ့သူတွေက သူတ်ို့ (စစ်ကော်မရှင်) နဲ့ မကင်းတဲ့သူတွေ သူတို့ကို ထောက်ခံတဲ့ အနည်းစုပဲရှိတယ်၊ ဈေးဆိုင်တွေလဲ ပိတ်ထားကြတယ် ဈေးဝယ်သူတွေလည်း မရှိကြဘူး လမ်းတွေပေါ်လဲ လူသွားလူလာ မရှိဘူး” လို့ပြောပါတယ်။ စစ်ကော်မရှင်က ကလေးမြို့ပေါ် မင်္ဂလာဥယာဉ်က အမှတ် (၁၀) ကျောင်း၊ အောင်သစ္စာက…

Read More

တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာ

ဒီဇင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် ၃ ခု အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းရှိ မြို့နယ် ၉ ခုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။ ယင်းကြေငြာချက် အရ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များ ရှိ သက်ဆိုင်ရာ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၃ ခု၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်…

Read More

ဟားခါးနဲ့တီးတိန်မြို့က ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အပြင်ထွက်ခြင်းမလုပ်ဖို့အသံတိတ်သပိတ်လုပ်ဖို့ထုတ်ပြန်

ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊အသံတိတ်သပိတ်လုပ်ဖို့ ၊ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားပါတယ်။ နေအိမ်၌သာ နေထိုင်ကာ အသွားအလာ သတိထားကြဖို့ နဲ့ ကျေးလက်နေပြည်သူတွေအနေဖြင့်လည်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ လေးစားစွာ အသိပေးတယ်လို့ PDF Zoland ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ် တွေမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဟားခါးမြို့နယ်အခြေစိုက်…

Read More

စစ်ကော်မရှင်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်မှာ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံး၊နေအိမ်တချို့ထိခိုက်ပျက်စီး

ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်ရဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၆ နာရီကစလို့ နေ့ လည်၁၂ နာရီအထိ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တောိလှန်ရေးတပ်ဖွဲ့ CDF – Hakha တို့အကြား ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က ဟားခါးမြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့လို့ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံးတာ နေအိမ်အဆောက်အအုံ တချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက Chin World Media ကိုပြောပါတယ်။ ဟားခါးမြို့ ရုန်းတောင်ပေါ်ရှိ စစ်ကော်မရှင်တပ် ခလရ ၂၆၆ တပ်ကုန်းနဲ့ ရုန်းတောင်ခြေ နှင့် ၆ လမ်းဆုံ အနီး နေရာ ၃ နေရာလောက်မှာ…

Read More

ဖလမ်း၊ထန်တလန်၊တွန်းဇံ မြို့၃ ခု ရွေးကောက်ပွဲကျင်းပမယ့် အပိုင်း ၃ စာရင်းမှာလည်းမပါဝင်

ဒီဇင်ဘာလ ၂၆ ရက်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အပိုင်း (၃) ပိုင်းခွဲပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ် ကျင်းပရန် စီစဉ်ထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ရှိ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားတဲ့ ထန်တလန်၊ ဖလမ်း နှင့် တွန်းဇံ မြို့နယ်တွေဟာ အပိုင်း (၃) မြို့နယ်စာရင်းမှာလည်း ပါဝင်လာခြင်း မရှိတောါ ကြောင်း UEC ရဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် မြို့နယ်များ စာရင်း အရ သိရှိရ ပါတယ်။ ချင်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် မှာ မူလက ရွေးကောက်ပွဲ…

Read More

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်

ဒီဇင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ရုန်းတောင် (Rungtlang) ရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်နံနက် ၆:၃၀ နာရီခန့်မှာ ဟားခါးမြို့နယ်မှာ စစ် ရေးလှုပ်ရှားတဲ့ CDF-Hakha တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဟားခါးမြို့အနီး ပတ်ဝန်းကျင် နေရာ (၃) ခုခန့်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။ ဒေသခံတစ်ဦးက “ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ အရမ်းပြင်းထန်တယ်။ ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းထဲမှာလည်း မီးတွေ အတော်လောင်နေတာ မြင်ရတယ်” လို့ ဟားခါး ဒေသတွင်းမီဒီယာဖြစ်တဲ့ လုံမီလီ (Lungmili Post) သို့…

Read More

မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနေအိမ် (၇) လုံးပျက်စီး

ဒီဇင်ဘာလ ၂၅ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တစ်နေရာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့် မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Mindat တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွင်း ထိခိုက်ပျက်စီးသွားတဲ့ မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ်တွေရဲ့ပျက်စီးမှုတွေကိုလည်း CDF – Mindat ဖော်ပြချက်အရ တွေ့ရပါတယ်။ CDF -–Mindat ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။ မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ…

Read More

ငဖဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ ၃ ဦး CDF – Asho ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

ဒီဇင်ဘာလ ၂၄ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအနီး ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို ( CDF – Asho) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ CDF – Asho က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့က လူငယ်တွေကို တပ်သားစုဆောင်းပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် စိတ်ဆန္ဒမပါပဲ အစတေးခံများအဖြင့် အသုံးချလျက်ရှိကာ ရှေ့တန်းစစ်မြေပြင်တွင် အထက်တပ်မှုးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိကြတော့ပဲ နေ့စဉ်နဲ့အမျှ တပ်ကထွက်ပြေးရန်ကြိုးစားလျှက် ရှိနေတာကိုလည်း ဘက်ပြောင်းအလင်းဝင်ရောက်သူတွေရဲ့ ထွက်ဆိုချက်အရ…

Read More

ချင်းတောင်ထွက် မျောက်ငိုသီးများ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ် အတွင်း စံချိန်တင်ဈေးကျ

ဒီဇင်ဘာလ ၂၄ ရက်။ ၂၀၂၅ ခုနှစ်မှာ ချင်းတောင်ထွက် မျောက်ငိုသီး တွေကို ဒီနှစ်မှာ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ်တာ ကာလ အတွင်း ဈေး အနည်းဆုံး သို့ စံချိန်တင် ဈေးကျသွားခဲ့ပြီး ၁ တောင့် ကို ကျပ် ၅၀ နဲ့သာ ဝယ်ယူကြကြောင်း ချင်းပြည်နယ်၊တီးတိန်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ ထံမှ သိရှိရပါတယ်။ “မျောက်ငိုသီးတွေ က တောင်ပေါ်မှာ ကုန်တော့မယ်။ မြေပြန့်က အပင်တွေ စခူး ကြတော့မယ်။ ဈေးက တက်မလာဘူး။ ရာသီ အစမှာ ၁ တောင့်ကို ကျပ် ၅၀ နဲ့ ဝယ်ကြတာ အခုထိ ဈေးမတက်ဘူး။ ဒီနှစ်တွေ တလျှောက်မှာတော့ အဆိုးဆုံးပဲ”…

Read More