
မီဇိုရမ်ပြည်နယ်မှာ ပလက်ဝစစ်ဘေးရှောင်တွေကို နေရာသတ်မှတ်ပြီး နေအိမ်ဆောက်လုပ်ခွင့်တွေပေးထားတယ်လို့ သိရ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာရှိတဲ့ ချင်းပြည်နယ် ပလက်ဝကမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တွီဒန်းကျေးရွာအာဏာပိုင်တွေက နယ်မြေတွေသတ်မှတ်ပေးပြီး နေအိမ်တွေ ဆောက်လုပ်ခွင့်ပေးတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံကပြောပါတယ်။ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက “တီဒန်းကျေးရွာရဲ့ အာဏာပိုင်တွေအနေနဲ့ စစ်ရှောင်တွေရဲ့ဒုက္ခရောက်နေတဲ့ပေါ်မှာ ခြေခံပြီးမှ သူတို့ရဲ့ကျေးရွာရဲ့ အာဏာပိုင်တွေကနေမှ နေရာထိုင်ခင်းပေးတဲ့သဘောပါ အစိုးရက အစီအမံနဲ့ ချပေးတဲ့ သဘောမဟုတ်ဘူး။ ဒီလိုကျေးရွာအာဏာပိုင်တွေ လက်ခံပေးတဲ့ပေါ်မှာ သူတို့သတ်မှတ်ပေးတဲ့နေရာမှာသာ အိမ်ဆောက်ရတဲ့သဘောထားပေါ့ နောက်ပြီး ကိုယ့်အစီအစဉ် ကိုယ်ထူကိုယ်ထနဲ့ဘဲ ကိုယ့်အိမ်ကိုယ့်ယာကို တည်ဆောက်ရတဲ့ အနေထားဖြစ်ပါတယ်” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုက ၂၇၃ စုရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်း…