အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီလို့ ICA ထုတ်ပြန်
ဇွန်လ ၁၉ ရက်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ စစ်ကောင်စီကြောင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီး သေဆုံးခဲ့သူတွေဟာ ဆန္ဒပြစဉ် စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂၈ ဦး၊ လူသားဒိုင်းအဖြင့် အသုံးပြုခံရလို့ သေဆုံးသူ ၁၁ ဦး၊ ဆေးဝါးမလုံလောက်လို့ သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခံရသူနဲ့ မုဒိန်းပြုကျင့်ခံရပြီး အသတ်ခံရသူ ၆၃ ဦး၊ အကြောင်းမဲ့ အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၂ ဦး၊ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးအဖွဲ့ဝင် ၃၆၁ ဦး၊ ဘာသာရေးခေါင်းဆောင် ၁၇ ဦး…

