
မတူပီမြို့နယ်မှာ ပြည်သူလူထုကိုအခမဲ့ဆေးကုသပေးနိုင်ဖို့ ဆေးဝါးအခက်အခဲရှိနေကြောင်း MTHD က ပြော
မေလ ၁၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ Matupi Township Health Department ( MTHD ) အဖွဲ့မှာ ဆေးဝါးအခက်ခဲတွေရှိနေတာကြောင့် ပြည်သူလူထုကို ဆေးကုသမှုတွေကို လုံးဝအခမဲ့ မပေးနိုင်သေးကြောင်း MTHD က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။ မတူပီမြို့ကို မနှစ် ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်မှာ ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်ပြီးနောက်ပိုင်း လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ MTHD အဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက မိခင်နဲ့ ကလေးငယ် ကာကွယ်ဆေးထိုးတာတွေ အပြင် ကျေးရွာတွေကို တစ်လတစ်ကြိမ် Mobile Visit သွားတယ်လို့လည်း သိရပါတယ်။ MTHD က တာဝန်ရှိသူတစ်ဦးက “မေလထဲမှာလည်း မိခင်နဲ့ ကလေးငယ်တွေကို…