ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ
ဒီဇင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြားအရွယ်ရှိသူ ချင်းလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝအထက်ပိုင်း ပိန္နဲတပင်ရွာ၊ ငရှားရွာ၊ ကြွေသောင်ရွာ နဲ့ အနီးအနားက ရွာတွေ နှင့် ပလက်ဝအောက်ပိုင်း လောက်ကဒူး၊ တိုးမဝ၊ ရီမဝ၊ အောင်သဲဝ ၊ နှမဒါ ရွာတွေမှာ အာရက္ခတပ်တော် ULA / AA က တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေပြီး ချင်းလူမျိုးတွေကို ပထမဆုံး တပ်သားစုဆောင်းလာတာလို့လည်း ပလက်ဝဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကနေ တစ်အိမ်ကို လူတစ်ယောက်နှုန်းနဲ့…

