
မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀ဆိုင်ရာအချက်အလက်မှတ်ပုံတင်ခြင်းကို ဇူလိုင်လ စလုပ်မယ်
ဇွန်လ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်းရှိ ခရိုင် (၁၁) ခုစလုံးတွင် မြန်မာနိုင်ငံဖက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀အချက်အလက် (biometric) မှတ်ပုံတင်ခြင်းကို ဇူလိုင်လ ကနေစတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့မှာ Northeast Today မီဒီယာကဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာသူ ဦးရေ ၃၂၀၀၀ ကျော်ရှိတယ်လို့ပြောဆိုထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Vanlalmawia က “အမျိုးသားသတင်းအချက်အလက်စင်တာ (National Informatics Centre – NIC) ဖော်ဆောင်ထားတဲ့ နိုင်ငံခြားသားများ ခွဲခြားသတ်မှတ်ရေး ပေါ်တယ်လ် (Foreigner Identification Portal) မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီးဖြစ်သလို ခရိုင်အရာရှိများကိုလည်း လေ့ကျင့်ပေးထားပြီးပါပြီ”လို့ပြောပါတယ်။ စစ်ဘေးရှောင်များရဲ့ အချက်အလက်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဒုတိယကော်မရှင်နာများဦးဆောင်တဲ့ ခရိုင်အဆင့်ကော်မတီများက ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး K.Sapdanga ဦးဆောင်တဲ့ ပြည်နယ်အဆင့် ကော်မတီက မှတ်ပုံတင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ကွက်ကဲသွားမှာဖြစ်ပါတယ်။ ယခုစီမံကိန်းကို အဓိကအားဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း…