တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်
နိုဝင်ဘာလ ၇ ရက်။ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်အင်အားအလုံးအရင်း (၄၀၀) ခန့်က ဒေသခံပြည်သူတစ်ချို့ကို ဖမ်ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဖက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ကြောင်း၊နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထိုးစစ်ဆင်လာပြီး တီးတိန် – ကလေးလမ်း ဆွောမ်းပီး…

