အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးအား ယာယီခိုလှုံခွင့်ပေးထားမှုကို ရပ်စဲ
နို၀င်ဘာလ ၂၅ ရက်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ စစ်အာဏာသိမ်းမှု အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အဆင့် (Temporary Protected Status – TPS) ပေးထားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အပြီးသတ် ရပ်စဲတော့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အကာအကွယ်အဆင့် (TPS) ပေးထားခြင်းကို ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ဟူသော ယူဆချက်အမြင်ကြောင့်ဖြစ်ကြောင်း Department of Homeland Security (DHS) အတွင်းရေးမှူး Kristi…

