
Salai Okla Bik
ဗိုလ်တထောင်သတင်းစာအဟောင်းထဲက နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌဒုတိယဗိုလ်မှူးကြီးအီးကေကင်ငင်းမှ သီရိပျံချီဦးထပ်လှိုင်းအား နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပထမအဆင့်ပေးအပ်ချီးမြှင့်သည့် သတင်းစာဖြတ်ပိုင်း မထင်မှတ်ဘဲ မှတ်စုစာအုပ်ကြား၌ တွေ့မြင်သောအခါ အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူနေပါသည်။ စာအုပ်စာပေချစ်မြတ်နိုးသော အညတြကျွန်တော့်အတွက်ကား အမှိုက်ထဲကရွှေ နွံနစ်ထဲကပတ္တမြားလိုဘဲ။ ထို့ကြောင့်တွေ့ဆုံမေးမြန်းချက်ထဲက အခြားစာအုပ်စာစောင်တွေထဲက သူ့ဘဝပုံရိပ်ကောက်ကြောင်း တစေ့တစောင်း အရိုအသေပေးဂါရဝပြုသည့်အနေဖြင့် ဆောင်းပါးမတိုမရှည် စာကလောင်သွေးနေရခြင်းဖြစ်သည်။
သူသည် ၁၉၀၇ခုနစ်မတ်လတွင် ပလက်ဝမြို့နယ်လောင်းကဒူးရွာတွင် ဦးကိန်ထုန်းနှင့်ဒေါ်အန်ဆောက်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထာ့လဲန်းဖြစ်သည်။ မွေးချင်းငါးယောက်အနက် သုံးယောက်မြောက်သားဖြစ်သည်။ ငယ်စဥ်ကပလက်ဝမြို့၌ စတင်ပညာသင်ယူခဲ့သည်။ စစ်တွေစာစစ်ဌာနမှ သတ္တမတန်းအောင်မြင်သည်။ ထို့နောက်ပလက်ဝမြို့ပေါ်၌ ပြောင်းရွှေ့ကာ အခြေချခဲ့သည်။
ထို့နောက်ဆမီးအမက၌ မူအုပ်အဖြစ် သုံးနစ်ထမ်းဆောင်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဌာနသို့ပြောင်းရွှေ့ခဲ့သည်။ ကျောက်တော်၊ စစ်တွေမြို့၌ သင်တန်းတက်ရောက်ခဲ့သည်။ ၁၉၃၁ခုနစ်မှ ၁၉၄၅ခုနစ်အထိ ပြည်သူ့ရဲတပ်ဖွဲ့၌ ရဲအုပ်အဆင့်ဖြင့် ထပ်မံထမ်းဆောင်ခဲ့သည်။ ထိုစဥ်ကလူကြီးနယ်လှည့်ခရီးစဥ်များ၌ လုံခြုံရေးအဖြစ် ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ စစ်တွေအထိလည်း သွားရောက်ခဲ့သည်။ ချင်းပြည်နယ်မတူပီနယ်၊ လည်မျို၊ ပိုင်ချောင်းတစ်ဝိုက် ရောက်ရှိခဲ့သည်။၁၉၃၅ ခုနစ်တွင် ဒို့ဗမာအစည်းအရုံးနှင့်လည်းတိတ်တဆိတ်ဆက်သွယ်ခဲ့သည်။ ၁၉၄၅ခုနစ်မှ ၁၉၄၇ခုနစ်အထိ တိုက်အုပ်အဖြစ် ထပ်မံထမ်းဆောင်ခဲ့သည်။
၁၉၄၅ခုနစ်ဧပြီလကုန်ပိုင်းတွင် နန်းရင်းဝန် စစ်သေနာပတိချုပ်ဂျင်နရယ် လော့ဒ်မောင့်ဘက်တန်သည် ပလက်ဝမြို့နယ်မှလူကြီးများဆန္ဒသဘောထားသိရှိကြားနာလိုသဖြင့် လူကြီးခုနစ်ဦးတို့အား စေလွှတ်ပေးရန်အကြောင်းကြားခဲ့သည်။ ထိုစဥ်ကပလက်ဝနယ်အရေးပိုင် မစ္စတာဆီယာသည် မြို့မိမြို့ဖများခေါ်ဖိတ်ပြီး အရေးပိုင်ရုံး၌တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဦးထပ်လှိုင်း၊ ဦးထိန်ကုန်း၊ ဦးစိုးဝန်း၊ ဦးမောင်ညှာ၊ ဦးတိန်ထူး၊ဦးထွန်းမြ၊ ဦးစောလှတို့အား တရားဝင်စေလွှတ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြစဥ် နန်းရင်းဝန်က မကြာမီဒုတိယကမ္ဘာစစ်ကြီးပြီးရင် မြန်မာပြည်ကိုလွတ်လပ်ရေးပေးဖို့ ဂတိရှိသည့်အတိုင်းတစ်ခထိန်ချိန်တွင် ေပးနေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ပလက်ဝမြို့နယ်မှလူကြီးခုနစ်ဦးဆန္ဒရယူလိုသဖြင့်ခေါ်ယူရခြင်းဖြစ်သည်။ ဤသို့ဆန္ဒရယူရန် ခေါ်ယူရခြင်းမှာ ပလက်ဝမြို့နယ်အား ချင်းတောင်တန်းနှင့်ပေါင်းမလား၊ ရခိုင်တောင်တန်းနှင့်ပေါင်းမလား ။ဤကိစ္စကိုဆန္ဒရယူလို ဝဖြင့်ခေါ်ယူရခြင်းဖြစ်ကြောင်း လူကြီးမင်းကပြောကြားခဲ့သည်။ ဤသို့ပြောကြားပြီးဆန္ဒသဘောထားခံယူခဲ့ရာ နစ်ဦးက ရခိုင်နှင့်ပူးပေါင်းရန်ထွက်ဆိုသည်။ ဦးထပ်လှိုင်းနှင့်အဖွဲ့တို့ကမူ ချင်းနှင့်ပူးပေါင်းရန်ဆန္ဒပြုခဲ့ကြသည်။
၁၉၄၅ခုနစ်သြဂုတ်လတွင် ရန်ကုန်၌ ကျင်းပသောနေသူရိန်ညီလာခံ၌လည်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၉၄၆ခုနစ်နိုဝင်ဘာလတွင် ဦးဘဆိုင်၊ ဦးဝမ်းသူမောင်နှင့်ဖဆပလအဖွဲ့ကိုယ်စားလှယ်တို့သည် ဖလမ်းမြို့သို့ရောက်ရှိခဲ့ကြကာ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြသည်။
တောင်တန်းပြည်မလွတ်လပ်ရေးအတူတူ ဆွတ်ခူးရယူရန်သဘောတူကြသဖြင့် ချင်းတောင်တန်းကော်မရှင်ဖွဲ့စည်းကာ ဦးထပ်လှိုင်း၊ ဦးဂျွန်ဆန်နိန်းတို့လည်း ရွေးချယ်ခဲ့ကြသည်။ ၁၉၄၇ခုနစ်ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးဦးဆောင်မှုဖြင့် ပင်လုံညီလာခံကျင်းပခဲ့သည်။ ထိုညီလာခံသို့ အာရကန်တောင်တန်းစီရင်စုခေါ်သည့်ပလက်ဝမြို့နယ်မှ ဦးထပ်လှိုင်းကိုယ်တိုင်ဦးဆောင်လျက် ဦးထွန်းမြ၊ဦးလွန်းပူ၊ ဦးဇော်လှ၊ ဦးင်းညို၊ ဦးဗိုလ်မောင်၊ ဦးသာအောင်တို့သွားရောက်ခဲ့ကြသည်။ သို့သော်နောက်ကျသဖြင့် မတက်ရောက်ဖြစ်ချေ။ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဦးကျော်ငြိမ်း၊ဦးဝမ်ကိုဟောတို့နှင့်တွေ့ဆုံကြလျက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပလက်ဝမြို့နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အောင်ဆန်း အက်တလီစာချုပ်အပိုဒ်(အက်တလီစာချုပ်အပိုဒ်(၈)အပိုဒ်ခွဲ (ဃ) အရ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရာ၌ နယ်ခြားဒေသများပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးစနစ်ရှာဖွေနိုင်ရန်အတွက် စုံစမ်းရေးကော်မတီတစ်ခုချက်ချင်းဖွဲ့စည်းရမည်ဟူ၍ ပါရှိခဲ့သည်။ သို့ဖြစ်၍ဗြိသိသျှအစိုးရအနေဖြင့် လေဘာပါတီမှ ဗြိသိသျှပါလီမန်အောက်လွှတ်တော်အမတ် လက်ဖတင်ကာနယ်ရိစ်ဝီလီယမ်ကို စေလွှတ်ခဲ့ပြီး တောင်တန်းဒေသစုံစမ်းရေးကော်မတီကို အဖွဲ့ဝင်ကိုးဦးဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၄၇ခုနစ်မတ်လ
၁၉ရက်မှ ၂၆ရက်နေ့အထိ ရန်ကုန်၌ရုံးထိုင်ခဲ့သည်။ထို့နောက်မေမြို့(ယခုပြင်ဦးလွင်)၌ ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါကော်မရှင်နှင့်တွေ့ဆုံရန် အာရကန်တောင်တန်းစီရင်စု ပလက်ဝမြို့နယ်မှ ဦးထပ်လှိုင်းဦးဆောင်လျက် ဦးထွန်းအောင်၊ဦးပတ်ဝဲ၊ ဦးဌေးတူ၊ ဦးလွန်းပူ၊ ဦးမောင်မျှား၊ ဦးထွန်းမြ၊ဦးစောလှ၊ ဦးသာအောင်တို့ သွားရောက်ခဲ့ကြသည်။ ၁၉၄၇ခုနစ်မတ်လ ၁၉ရက်နေ့တွင်ရန်ကုန်မြို့၌ ကော်မရှင်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြသည်။
မေးမြန်းချက်အရ ဟားခါးနှင့်ကန်ပက်လက်ချင်းတို့သည် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံနှင့်ပူးပေါင်းလျှင် မိမိတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့်ပိုမိုနီးကပ်သော ဟားခါးချင်းတို့ဆောင်ရွက်သမျှကို မိမိတို့လိုက်ပါဆောင်ရွက်ကြမည်ဖြစ်ကြောင်းထွက်ဆိုသည်။ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ပလက်ဝနယ်အားချင်းတောင်တန်းနှင့်ပူးပေါင်းပြီး ချင်းဝိသေသတိုင်း
ကိုထူထောင်ရန်သဘောတူကြကြောင်း ၄င်းတောင်တန်းဒေသစုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံချက်၌ ရေးသားဖော်ပြထားသည်။
၁၉၄၇ခုနစ် ဧပြီလ ၄ရက်ပလက်ဝမြို့တွင် လူထုစည်းဝေးကြီးပြုလုပ်ကြကာ ဦးထပ်လှိုင်းအားတိုင်းပြပြည်ပြုလွှတ်တော်အမတ်အဖြစ် တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကို ထိုနစ်ဇွန်လတွင် ရန်ကုန်မြို့၌ကျင်းပရာ သူလည်းတက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ချင်းလူမျိုး ဦးဝမ်ကိုဟော၊ ဦးဝမ်းသူမောင်၊ ကပ္ပတိန်မန်တုန်နုန်း၊ ဦးဆဝစ်တို့နှင့်တွေ့ဆုံခဲ့ကြလျက် တစ်စိတ်တစ်ဝမ်းတည်း သဘောထားအမြင်ချင်းဖလှယ်ခဲ့ကြသည်။
သူသည်၁၉၄၇ခုနစ်ဇူလိုင်လ ၁၉ရက် မနက်တွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အား သွားရောက်ဂါရဝပြုလျက် ပလက်ဝမြို့နယ်အရေးကိစ္စ ပြောပြပေးခဲ့သည်။ ထို့နောက် မြန်မာပြည်ဘုရင်ခံကောင်စီဝင် ဦးဝမ်ကိုဟောထံ ထပ်မံသွားတွေ့ခဲ့ရာ နာဂတောင်တန်းခေါင်းဆောင်များနှင့်လည့်း အတူတွေ့ဆုံခဲ့ကြပြီး ပလက်ဝမြို့နယ်အရေး၊ လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးဖက်တွင် အရေးပိုင်၊ ခရိုင်ဝန်အဆင့်ဆက်လက်ထားရှိရေးတင်ပြအကြံပြုခဲ့သည်။ ဤသူတို့နှင့်တွေ့ဆုံခဲ့ကြသဖြင့် ဝန်ကြီးဦးဝမ်ကိုဟောသည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံး ဦးဆောင်ကျင်းပခဲ့သော အစည်းအဝေး နောက်ကျသဖြင့်ကံကောင်းသူဝန်ကြီးအဖြစ်အမည်တွင်ခဲ့ခြင်းဖြစ်သည်။
ဤသို့ ပလက်ဝမြို့နယ် ပြည်သူလူထု၏သဘောတူညီချက်ဖြင့် တောင်တန်းဒေသကော်မရှင်ထံ အဖွဲ့သားများနှင့်အတူလက်တွဲတင်ပြတောင်းဆိုခဲ့သည်။ တဖန်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မရှင်၌ကိုယ်ပါဝင်သည်မက ဥပဒေဘောင်အတွင်းမှတင်ပြချက်အရ ဖွဲ့စည်းပုံအဃြေံဥပဒေအခန်း ၉၊ အပိုဒ် ၅၊ ပုဒ်မ ၁၉၆အရ ရခိုင်တောင်တန်းခရိုင်နှင့် ချင်းတောင်တန်းခရိုင်တို့ပူးပေါင်းပြီး ချင်းဝိသေသတိုင်းဖြစ်လာသည်။ ၁၉၄၇ခုနစ် စက်တင်ဘာလတွင် အပြီးသတ်ခဲ့ကာ ဦးထပ်လှိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ချင်းအမျိုးသားများအား ကျေနပ်ဝမ်းမြောက်စွာ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။
၁၉၄၈ခုနစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ သူသည်ပြိုင်ဖက်မရှိ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်လာသည်။ ၁၉၄၈ခုနစ် ဖေဖော်ဝါရီလ ၁၉ရက်မှ ၂၂ရက်နေ့အထိ ဖလမ်းမြို့၌ကျင်းပသော ချင်းအမျိုးသားညီလာခံသို့ ပလက်ဝမြို့နယ်မှလူထုကိုယ်စားလှယ်ပေါင်း ၃၀ကျော်ဦးဆောင်လျက် ပါဝင်တက်ရောက်ခဲ့ကြသည်။ တီးတိန်လူထုကိုယ်စားလှယ် ဦးထောင်ဇကိုင်း၏အဆို သားစဥ်မြေးဆက် ဆက်ခံသော မြေရှင်စော်ဘွား တုက်အုပ်စနစ်ပယ်ဖျက်လျက် ပြည်သူလူထုကရွေးချယ်တင်မြှောက်သည့် တိုက်နယ်ကောင်စီဖြင့်အစားထိုးရန်အဆိုအပေါ် ဦးစွန်မန်း၊ ဦးထန်းမောင်း၊ဦးထပ်လှိုင်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
၁၉၅၁ခုနစ် ပထမအကြိမ်အထွေထွေရွေးကောက်ပွဲ၌လည်း ပလက်ဝမြို့နယ်မှပြိုင်ဖက်မရှိ သူ့အားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ဦးဘအားလူမျိုးစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် တိုက်ရိုက်ရွေးချယ်တင်မြှောက်ခဲ့သည်။
၁၉၅၆ခုနစ် ဒုတိယအကြိမ်ရွေးကောက်ပွဲ၌ လည်းသူ့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်၊ ဦးစောလှအားလူမျိုးစု လွှတ်တော်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ၁၉၆၀ပြည့်နှစ်တတိယအကြိမ် အထွေထွေရွေးကောက်ပွဲ၌လည်း ဤလူကြီးနှစ်ဦးကသာ ဆက်လက်အနိုင်ရရှိခဲ့သည်။ထိုခေတ်အခါက ချင်းဝိသေသတိုင်းမှ သူတစ်ဦးတည်းသာ အထွေထွေရွေးကောက်ပွဲသုံးကြိမ်စလုံး ပါလီမန်အမတ်အဖြစ် အနိုင်ရရှိလျက် ၁၉၄၈ခုနစ်မှ ၁၉၆၂ခုနစ်မတ်လ တော်လှန်ရေးကောင်စီတက်သည်အထိ တဆက်တည်းထမ်းဆောင်ခဲ့သူ နိုင်ငံရေး မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
လွတ်လပ်ရေးရခါစ ၁၉၄၉ခုနစ် ဒီဇင်ဘာလမှစပြီး ပလက်ဝမြို့သည် လက်ထဲကျရောက်ခဲ့သည်။ သောင်းကျန်းသူအဖွဲ့လက်ထဲကျရောက်သဖြင့် အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်၊ ပညာရေးလည်း နစ်နာဆုံးရှုံးခဲ့ကြသည်။၁၉၅၁ခုနစ်အထွေထွေရွေးကောက်လည်း မကျင်းပနိုင်ကြချေ။ ၁၉၅၃ခုနစ် သန်းခေါင်စာရင်းလည်း မကောက်ယူနိုင်ကြချေ။အစိုးရငွေတိုက်က ငွေကျပ် ၄၂၃၀၀ လည်းရန်သူတို့က သိမ်းယူခဲ့ကြသည်။
ထိုအချိန်က သူ့အနေဖြင့် ပလက်ဝမြို့နယ်အေးချမ်းသာယာရေးအတွက် ချင်းရေးရာကောင်စီအည်းအဝေး၌လည်းတင်ပြခဲ့သည်။ ပြည်ထောင်စုပါလီမန်အစည်းအဝေး၌လည်းတင်ပြဆွေးနွေးခဲ့ရာ စစ်တပ်အင်အားမလုံလောက်ဟု အကြောင်းပြလျက် မအောင်မြင်ခဲ့ချေ။လူမျိုးစုလွှတ်တော်အမတ် ဦးဘကလည်း တင်ပြဆွေးနွေးခဲ့သည်။
၁၉၅၂ခုနစ် အောက်တိုဘာလတွင် ဦးနန်းကင်ဦးဆောင်ကွပ်ကဲမှုဖြင့်လူထုတပ်သား သုံးရာခန့်ကတော်လှန်ခဲ့ကြရာ လူသူလက်နက်အင်အားချင်းမမျှတသဖြင့် အရေးနိမ့်ခဲ့သည်။ ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခဲ့ကြသည်။ ထိုအခါသူ့အနေဖြင့်မြို့ခံလူကြီးများနှင့် လျှို့ဝှက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သူကိုယ်တိုင်ဆမီးအထိ သွားရောက်ကာ စည်းရုံးရေးဝင်သည်။ ထိုမှဆမီးချောင်းတလျှောက် ကျေးရွာများသို့ စည်းရုံးရေးလုပ်ရန် လူယုံဆက်သားစေလွှတ်သည်။ စာကီး၊ ကယောက်၊ လီတုန်၊စိုးနီကနောင်၊ ပါမောင်စသည့်ကျေးရွာများမှ လူကြီးလူငယ်များ တူမီး၊ လေးမြှားလက်နက်ကိုယ်စီကိုင်ဆောင်လျက် စာကီးတောင်ရွာသား ဦးဟိုင်တွန်းဦးဆောင်ကွပ်ကဲမှုဖြင့် ကုလားတန်မြစ်ကို မိုးမလင်းခင် ဝါးဖောင်ဖြင့်ဖြတ်ကူးကာ မြို့ထဲဝင်ကြပြီး တိုက်ပွဲဝင်ကြသည်။ဤသို့ဖြင့်ပလက်ဝမြို့သည် ၁၉၅၃ ခုနစ်မေလတွင် ရန်သူလက်ထဲကပြန်လည် ရယူခဲ့ကြသည်။ထို့နောက် ဦးထပ်လှိုင်း၊ ဦးအောင်ဒိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့စောင့်ထိန်းသိမ်းရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင် ညချိန်သူက ရေလမ်းဖြင့်ကျောက်တော်၊ စစ်တွေ၊ ထိုမှလေကြောင်းဖြင့်ရန်ကုန်သို့ ရောက်ရှိသည်။ ထိုအခြေအနေအရပ်ရပ်ကို ချင်းရေးရာဝန်ကြီးဦးရှိန်းထန်းထံ သွားရောက်သတင်းပို့သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့်တကွ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးမောင်ကလေးတို့နှင့်လည်း တွေ့ဆုံတင်ပြခဲ့သည်။ ထိုမှ ပလက်ဝပြန်ရောက်ခဲ့သည်။ မြို့မိမြို့ဖအဖွဲ့ အစည်းအဝေးခေါ်ယူပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေး၊ပညာရေးနှင့်ပတ်သက်သည်များ အဆင့်ဆင့်ဆောင်ရွက်လုပ်ကိုင်နိုင်လေသည်။
၁၉၅၅ခုနစ်တွင် နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင် ဦးဆောင်မှုဖြင့် ဆိုဗီယက်ရုရှာနိုင်ငံသို့ချစ်ကြည်ရေး ခရီး၌ ပါဝင်သွားရောက်ခဲ့သည်။ အပြန်ခရီးစဥ်တွင် ရူမေးနီးယား၊ တရုတ်၊တုန်ကင်း၊ မြောက်ဗီယက်နမ်နိုင်ငံများလည်း ရောက်ရှိခဲ့သည်။
အမတ်ဦးဆန်နိန်းက မင်းတပ်- မတူပီ -ပလက်ဝကားလမ်းဖောက်လုပ်ရန် ချင်းရေးရာကောင်စီအစည်းအဝေး၌ တင်ပြခဲ့စဥ်သူက ထောက်ခံဆွေးနွေးခဲ့သည်။ ပလက်ဝအထက၊ ဆမီးအလက၊ စာကီးတောင်အမကရရှိနိုင်ရေး၊ ပလက်ဝပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်ရေး၊ ရဟတ်ယဥ်ကွင်း၊ ကီမိုတောင် သဘာဝအပန်းဖြေစခန်း ဘေးမဲ့တောအဖြစ်သတ်မှတ်ထားရှိရေး၊ ကျောက်တော် – ဆမီး၊ ပလက်ဝရေကြောင်းလမ်းပုံမှန်ပြေးဆွဲနိုင်ရေး၊ ဝန်ထမ်းသစ်ခေါ်ယူရာတွင်ဒေသခံများ ဦးစားပေးခန့်ထားရေး၊ စကောလားရှစ် ဘတ်ဂျက်ပိုမိုရရှိနိုင်ရေး၊ တရွန်အိုင်- မိတ်ဝပြည်တော်သာလမ်းဖောက်လုပ်ရေး စသဖြင့် တင်ပြဆွေးနွေးခဲ့သည်။ အောင်မြင်အကောင်အထည်ဖော်သည်လည်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းမပြီးပြတ်သည်လည်း ရှိသည်။
၁၉၅၇ခုနစ်မှစတင်ကာ ပလက်ဝနယ်တွင် ဝါးသီးသီးခြင်း၊ ကြွက်ဘေးကြောင့်ယာစပါးသီးနှံဖျက်ဆီးသဖြင့် ချင်းရေးရာကောင်စီ၊ ပြည်ထောင်စုပါလီမန် အစည်းအဝေး၌လည်းတင်ပြခဲ့သည်။ ချင်းရေးရာဝန်ကြီးဦးရာလ်မှုန်း၊ ဦးဇာရဲလျန်၊ အတွင်းဝန်ဦးအာရ်တွန်မှုန်းတို့ထံ၌လည်း ကိုယ်တိုင်တင်ပြခဲ့သည်။ ကယ်ဆယ်ရေးနှင့်ကြွက်နှိမ်နင်ရေးဆေးဝါးများခွဲတမ်းရရှိသဖြင့် မြို့နယ်အတွင်းဖြန့်ဝေခဲ့သည်။
၁၉၅၇ခုနစ်မှဖဆပလနှစ်ခြမ်းကွဲခဲ့ရာသူက ဦးဗဆွေ၊ ဦးကျော်ငြိမ်းဖက်တည်မြဲဖဆပလဖက်ပါဝင်ခဲ့သည်။ ပလက်ဝမြို့နယ်တည်မြဲဖဆပလပါတီ ခဲ့သည်။၁၉၆၀ပြည့်နှစ်မှ ၁၉၆၂
မတ်လအထိ ချင်းရေးရာကောင်စီသဘာပတိအဖြစ် တမ်းဆောင်ခဲ့သည်။
ကိုလိုနီခေတ်တွင်ပလက်ဝမြို့နယ်ကို ခရိုင်ဝန်က အုပ်ချုပ်စီမံခန့်ခွဲသော်လည်း လွတ်လပ်ရေးရပြီးနောက် ခရိုင်အဆင့်မှ မြို့နယ်အဆင့်သို့ လျှောကျဆင်းခဲ့သည်။ ဤသည်တို့ကြောင့် ခရိုင်အဆင့်သတ်မှတ်နိုင်ရေး၊ ပလက်ဝမြို့နယ်အတွင်းမြို့သစ်များရရှိနိုင်ရေး အထက်သို့တင်ပြခဲ့သည်။ ထို့ကြောင့်ချင်းရေးရာဝန်ကြီးဌာန၏ ၁၈-၂-၁၉၅၅ရက်စွဲပါ အမိန်ကြေညာချက်အမှတ် ၁၉ဖြင့်ပလက်ဝနယ်ပိုင်ဝန်ထောက်အား ခရိုင်န်လုပ်ပိုင်ခွင့်အာဏာတစ်ချို့အပ်နှင်းခဲ့ပြီး၊ တဖန်ချင်းရေးရာဝန်ကြီးဌာန၏ ၃- ၁၁ – ၁၉၅၅ရက်စွဲပါအမိန်ဘကြေညာချက်အမှတ် ၃၇ဖြင့်ခရိုင်ဝန်လုပ်ပိုင်ခွင့်အာဏာ အားလုံးကိုအပ်နှံခဲ့သည်။ ၁၉၆၁ ခုနစ်နောက်ပိုင်းတွင် ပလက်ဝခရိုင်ခွဲအဖြစ်အုပ်ချုပ်ခဲ့လေသည်။
၁၉၆၂ခုနစ်မတ်လ တော်လှန်ရေးကောင်စီတက်လာခဲ့ပြီးနောက်ပိုင်း ပလက်ဝမြို့တွင် အခြေချလက် စိမ့်စမ်းရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်လျက်သားသမီးများပညာရေးအတွက်ရုန်းကန်နေလေသည်။ ၁၉၆၈ခုနစ် နိုင်ဘာလ ၂၉ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်ကြီး
နေဝင်းက နိုင်ငံရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီး ၃၃ ဦးတွေ့ဆုံရာတွင် သူလည်းပါဝင်သည်။ ထိနစ်ဒီဇင်ဘာလတွင် ပြည်ထောင်စုမြန်မာနိာင်ငံ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းရာတွင်သူလည်း ပါဝင်သည်။
၁၉၇၁ခုနစ်စက်တင်ဘာလတွင် အဖွဲ့ဝင်၉၇ဦးဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကော်မရှင်စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ခုနစ်ဒီဇင်ဘာလတွင့် ပြည်လုံးကျွတ်ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ကြစဥ်သူသည်လည်း ဗဟိုကော်မရှင်၌ ပါဝင်ရွေးချယ်ခဲ့သည်။ တစ်ဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၁၉၉၂ခုနစ်၊ဧပြီလ ၂၄ရက်ကြေညာချက်အမှတ် ၁၁/၉၂ထုတ်ပြန်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရန် အမျိုးသားညီလာခံကိုခေါ်ယူမည်ဖြစ်ကြောင်းကြေညာသည်။ ထိုနှစ်ဇူလိုင်လ ၁၀ရက်နေ့တွင် အမျိုးသားညီလာခံကိုယ်စားလှယ် ၇၂၀ကိုရွေးချယ်ခဲ့ရာ သူလည်းထပ်မံပါင်သည်။ ထိုစဥ်က ဆမီး၊ရှင်းလက်ဝ၊ သဲထောင်စသည့်မြို့သစ်၊ မြို့နယ်သစ်အဖြစ်သတ်မှတ်ပြီး ပလက်ဝမြို့နယ်ကို ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြသ်သတ်မှတ်ထားရှိရန် တင်ပြတောင်းဆိုခဲ့သည်။ ထိုစဥ်ကသူကအသက်အရွယ်ကြီးရင့် အိုမင်းလာပြီဖြစ်သဖြင့် ၂၀၁၄ခုနစ်တွင်အနားယူကာ သူ့သမီးဆရာမကြီးဒေါ်ဆာဆုက ဆက်လက်ထမ်းဆောင်ခဲ့လေသည်။
ဤသို့တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်သည်အပေါ် ၁၉၅၅ခုှုစ်တွင်နိုင်ငံတော်သမ္မတဦးဘဦးက သီရိပျံချီဘွဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။ တစ်ဖန်၁၉၈၀ပြည့်နှစ်တွင် နိုင်ငံတော်က နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်နှင့်ဆုငွေ သုံးသောင်းချီးမြှင့်ခဲ့သည်။ အဆိုပါဘွဲ့တံဆိပ်ကို နိုင်ငံတော်သမ္မတကြီးကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌက ပေးအပ်ချီးမြှင့်ခဲ့သည်။ သူကွယ်လွန်ပြီးနောက် ၂၀၂၅ခုနစ်တွင်လူမှုထူးချွန်ပထမအဆင့်ဖြင့် ထပ်မံဂုဏ်ပြုခဲ့သည်။ လူပင်သေသော်လည်အမည်ကားမသေ မျိုးချစ်နိုင်ငံရေးခေါင်းဆောင် လူထူးလူဆန်းပုဂ္ဂိုလ်ကျော် တစ်ပါးဖြစ်သည်။
၁၉၃၁ခုနစ်တွင် ပျိုမေနာမောနှင့်အိမ်ထောင်ပြုခဲ့သည်။ ကလေးမရသဖြင့် ပျိုမေနဒီ မန်းယို့နှက့်ထပ်မံအိမ်တောင်ပြုခဲ့သည်။ ခေတ်ပညာတတ်သားသမီးများထွန်းကားသည်။ သားသုံးယောက်၊ သမီးခြောက်ယောက်ထွန်းကားရာ ရာထူးကြီးသား၊သားမက်များ ရရှိကြသည်။ ၂၀၀၈ခုနစ်အောက်တိုဘာလ၂၈ရက်နေ့တွင်ပလက်ဝမြို့၊ရိက္ခာရပ်ကွက်မိမိနေအိမ်၌ ဘဝတပါးကူးပြောင်းခဲ့သည်။ နော်ဆုံးစျာပနအခန်းအနားတွင် ကျွန်တော်ကမပီကလာ ပီကလာဖြင့်ရေးဖွဲ့သော ဂုဏ်ပြုကဗျာရှည်ကို ဆရာမမာဂရက်က ဖတ်ကြားခဲ့သည်။ ဗုဒ္ဓဘာသာဘုန်တော်ကြီးမျာက တရားတော်ဟောပြော ရေစက်ချ အမျှဝေခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သူ့အားရည်စူးလျက် သတိရအောက်မေ့သောအားဖြင့် ပလက်ဝမြို့ပေါ်တွင် သီရိပျံချီထပ်လှိုင်းစာကြည့်တိုက်၊ ရိပ်သာ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။၂၀၁၄ခုနစ်ဒီဇင်ဘာလတွင် အဆိုပါဖွင့်ပွဲပြုလုပ်ခဲ့ရာ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်၊ သစ်တောရေးရာဝန်ကြီးဦးကျော်ငြိမ်း၊ စားလှယ်သူရဦးအောင်ကိုနှင့်အဖွဲ့ တက်ရောက်လျက် ပရိသတ်၂၄၀၀ ကကျော်ပါဝင်ခဲ့ကြသည်။
သူ့ဘဝတစ်လျှောက်လုံး တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး၊ မြို့ရွာအေးချမ်းသာယာရေး၊ လူမျိုးဘာသာခဲဲခြားမှုမထားရှိဘဲ အချင်းချင်း စည်းလုံးညီညွတ်ရေး၊ အဓိကအားပေးဆောင်ရွက်သည်။ ဘုရားတရားရိုသေကိုင်းရှိုင်းသည်ဖြစ်၍ ဘုရားစေတီတည်ခြင်း၊ သိမ်များတည်ဆောက်ခြင်းမီးဝရွာ၊နှမဒါကျေးရွာ ဘုရားစေတီတည်ခြင်းတို့၌လည်း တတ်နိုင်သရွေ့ အားပေးကူညီသည်။ ပညာရေး၊ လူမှုရေးလုပ်ငန်းလည်း တိုးတက်ဖွံဖြိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည်။ ၁၉၄၇၊ ၁၉၇၃၊ ၂၀၀၈စသည့်နှစ်များတွင် ရေးဆွဲအတည်ပြုထားသော ပြည်ထောင်စုမြန်မာနိုင်ငံ တော် ဖွဲ့စည်ပုံအခြေခံဥပဒေရေးဆွဲခဲ့ကြစဥ် ယနေ့ထိသုံးကြိမ်စလုံးထိတိုင် ဦးထပ်လှိုင်းနှင့်ဦးဖေခင်တို့သာ ပါဝင်ခဲ့သည်။ သူတစ်ဦးတည်းသာ ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်လုံး ပါလီမန်အမတ်အဖြစ်လည်းသမိုင်းစာမျက်နှာသစ် မှတ်တိုင်စီုက်ထူခဲ့သူလည်းဖြစ်သည်။ လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့စဥ် ဤသို့ရိုးရာယောင်ထုံးခေါင်းပေါင်းနှင့်နေတာ သိပ်သဘောကျတယ်။ ဘယ်တော့မှ မညှပ်နဲ့ ၊ ကိုယ့်ရိုးရာ လူမျိုးသင်ကေတပါဘဲ မိန့်မှာခဲ့ကြောင်းသူကိုယ်တိုင်ပြောပြခဲ့ဘူးသည်။ လူထဲကလူ ဖြစ်နေသည်နှင်အညီအားနည်ချက် ပျော့ကွက်ဟာကွက်လည်း မြောက်များစွာရှိနေမည် ေရှိနေသည်။ သို့သော် ဒါတွေအကာန်အပထာဦး စိတ်ထားဖြူစင်သည်၊ စိတ်သဘောထား ကြီးမြင်သည်။ မေတ္တာစေတနာတက်သန်သည်။သူတပါးအပေါ် စေတနာကရုဏာထားရှိသည်။ဧည်ဝတ်ကျေ

