သက်သေအနည်းဆုံး ၂ ဦးပါမှ ဖမ်းဆီးခွင့်ရှိတဲ့ အချက်ကိုစစ်ကော်မရှင်ပြဌာန်း
ဖေဖော်ဝါရီလ ၄ ရက်။ အာဏာသိမ်းစစ်ကော်မရှင်(စစ်ကောင်စီ)ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ လူတစ်ဦးတစ်ယောက်ရဲ့အိမ်ကို သက်သေမပါဘဲ ဖမ်းဆီးခွင့်ရှိတဲ့အခြေအနေကနေ သက်သေအနည်းဆုံး ၂ ဦးပါမှ ဖမ်းဆီးခွင့်ရှိမယ်ဆိုတဲ့အချက်ကို နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကာကွယ်ပေးရေးဥပဒေမှာ ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကာကွယ်ပေးရေးဥပဒေပါ ပုဒ်မ ၅ရဲ့ ပုဒ်မခွဲ(ခ)နဲ့၊ ပုဒ်မ ၈ မှာပါတဲ့ခြေဆင်း ပြဋ္ဌာန်းချက်တွေကို အစားထိုး ပြင်ဆင်လိုက်တဲ့အကြောင်း စစ်ကော််မရှင်က မနေ့ဇန်နဝါရီ ၃ ရက်ညပိုင်းမှာ ကြေညာလာတာဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ ပုဒ်မ ၅ ၊ ပုဒ်ခွဲ (ခ)မှာ နိုင်ငံသားတစ်ယောက်ရဲ့ နေအိမ်၊ ပရဝဏ်တွေထဲ ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာက အုပ်ချုပ်ရေးမှုး၊ရာအိမ်မှုး စတဲ့ တာဝန်ခံသက်သေတွေ ပါဝင်ရမယ်တို့ ဖြစ်ပါတယ်။ ပြင်ဆင်တဲ့…

