မီဇိုရမ်ပြည်နယ်ဟာ ခရီးသွားလုပ်ငန်း အမြန်ဆုံးတိုးတက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်လာတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး ပြောကြား
ဇန်နဝါရီလ ၂၆ ရက်။ ချင်းလူမျိုးတွေအများစု စစ်ဘေးရှောင်နေတဲ့ မီဇိုရမ်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် အိန္ဒိယအရှေ့မြောက်ဒေသမှာ ခရီးသွားလုပ်ငန်း အမြန်ဆုံးတိုးတက်လာတဲ့ ပြည်နယ်တစ်ခု ဖြစ်လာတယ်လို့ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှုး ( Governor of Mizoram) ဖြစ်သူ Gen Vijay Kumar Singh က ဇန်နဝါရီလ ၂၆ ရက်နေ့မှာကျရောက်တဲ့၇၇ ကြိမ်မြောက် သမ္မတနိုင်ငံနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ၇၇ ကြိမ်မြောက် သမ္မတနိုင်ငံနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ Gen Vijay Kumar Singh က “မီဇိုရမ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာ ၂၀၂၅-၂၆ ခုနှစ်အတွင်းမှာ သိသိသာသာ ဆက်လက်မြင့်တက်နေပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ ခရီးသွား ၄ သိန်းကျော် လာရောက်ခဲ့ပြီးပြီဖြစ်လို့…

