ဟားခါးမြို့မှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ အဆမတန်မြင့်တက်
မတ်လ ၂၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ ၂ သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဈေးတက်သွားတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးမလာတာက ၅ ရက်လောက်တော့ ရှိတော့မယ် အခုတလော မီးမလာတော့ မီးသွေးဈေးက ၂၅၀၀၀ လောက်ကနေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိတော့မယ် မီးမလာတော့ မီးသွေးခတွေ ဈေးတက်တယ် ဟားခါးမှာ ကုန်ဈေးနှုန်းက သိတဲ့အတိုင်း အကုန်ဈေးကြီးနေတာပေါ့” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ဟားခါးမှာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တနေ့ပြီးတစ်နေ့ ဈေးတက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မီးသွေးတစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်ကနေ အခုလို မီးပျက်တာရက်ပိုင်းအကြာမှာ ကုန်ဈေးနှုန်းတွေထပ်မြှင့်တက်တာလို့လည်း သိရပါတယ်။ အခုတလောဟားခါးမြို့မှာ ဖုန်းလိုင်းတွေလည်း…

