
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံကို သွားလာတဲ့ရေကြောင်းလမ်း ကို အိန္ဒိယဖက်က တင်းကြပ်လိုက်တယ်လို့ သိရ
ဖေဖော်ဝါရီလ ၅ ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်စလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နယ်စပ်အကြား ရေကြောင်းလမ်းမှာ လူအဝင်အထွက်အသွားအလာကို အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေက စစ်ဆေးရေးဂိတ်တွေချပြီး တင်းကြပ်လိုက်တယ်လို့ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနတာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “အဓိကတော့ စစ်ဘေးရှောင်တဲ့ဟာကို လက်မခံတဲ့ သဘောဖြစ်တယ် ဒါပေမယ့် တစ်ခုက ဒီဘက်က အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လက်ခံပေးတဲ့ ထောက်ခံချက်နဲ့ ဆိုရင်တော့ သွားလာဖို့ အဆင်ပြေတဲ့အနားထားပေါ့နော် ကာကီနဲ့ ကျနော်တို့ရဲ့ ကာရမိတ်ရွာပေါ့နော် ပလက်ဝဘက်က အဲဒီရဲ့ကြားမှာ ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းမှာပေါ့ နောက်ပြီး တွီဒန်းနဲ့ ကာကီကြားမှာလည်း ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းအဝင်အထွက်ကို လက်တလောမှာတော့ နည်းနည်းကြပ်တဲ့သဘောဖြစ်တာပေါ့” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာရှိတဲ့…