Headlines

ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ဒီဇင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးအလုံးရေ အမြောက်အများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “Khuangli ရွာ အနီးအနားကို ဗုံးအလုံးရေ အမြောက်အများနဲ့ ဗုံးကြဲတာတွေလုပ်သွားတယ် အဲဒီရွာက အများစုက တေ စစ်ဘေးရှောင်သွားကြတယ်ဆိုတော့ အထိခိုက်တော့ မရှိလောက်ဘူး အဆောက်အဦး အထိအခိုက်လည်း အခုချိန်မှာ အတိကျမသိရသေးဘူး အခုဗုံးကြဲခံရတဲ့ အနီးအနားမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ဗုံးကြဲတာဖြစ်မယ်”လို့ပြောပါတယ်။ ဖလမ်းမြို့နယ် ၊ ခွန်လီ ကျေးရွာဟာ အိမ်ခြေအတော်အတန်များစွာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ…

Read More

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ ဈေးပိုရလာ

ဒီဇင်ဘာလ ၁၇ ရက်။ မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လုံးကို ကျပ် ၁ ထောင် အထိ ပေးဝယ် လာခဲ့တယ် လို့ တီးတိန်မြို့နယ် နေ ထောပတ် တောင်သူများ ထံမှ သိရှိရ ပါတယ်။ “ထောပတ်က အသီးကောင်းရင် ကောင်းသလို ဈေးရတယ်။ ဝယ်လက်တွေက ကိုယ်တိုင် ခူးပြီး ဝယ်သွားတယ်။ ၁ လုံးကို ကျပ် ၁ထောင်ထိ ပေးဝယ်တဲ့ အသီးတွေ ရှိတယ်။ ဒါပေမယ့် အရမ်း မျိုးကောင်းတဲ့ အသီး မဟုတ်ရင် ကျွန်တော်တို့ အလုံးလိုက်…

Read More

ချင်းစကားများ အပါအဝင် တိုင်းရင်းသားဘာသာစကား (၂၀) ကျော်ဖြင့် အသုံးပြုနိုင်မည့် eimiAI ကို လူထုနဲ့ စတင်မိတ်ဆက်မည်

ဒီဇင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့် ဘာသာပြန်ဆိုခြင်းနှင့် အခြားဝန်ဆောင်မှုများ ရရှိနိုင်မည့် eimiAI ကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ Grand Launch အခမ်းအနားဖြင့် လူထုနဲ့ တရားဝင် စတင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း eimiAI ဖန်တီးရေးဆွဲသူ ချင်းလူမျိုး IT ပညာရှင်တစ်ဦးဖြစ်တဲ့ Ko Michael Suantak ထံမှ သိရပါတယ်။ “eimiAI ကို လူထုနဲ့ မိတ်ဆက်တဲ့ အခမ်းအနားကိုတော့ Google Meet ကနေ ပြုလုပ်သွားမှာ ဖြစ်တယ်။ ဝင်ရောက်ရမယ့် Link…

Read More

တီးတိန်မြို့နယ်မှာ မျောက်ငိုသီးတက်ခူးသူ ၁ ဦး အပင်ပေါ်မှ ပြုတ်ကျ သေဆုံး

ဒီဇင်ဘာလ ၁၆ ရက်။ တီးတိန်မြို့နယ် ဆွောင်းဆန် ကျေးရွာနေ အသက် ၄၅ နှစ် အရွယ် ဦးကပ်လမ်ခုပ် ဟာ မနေ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကမျောက်ငိုသီးခူးရင်း အပင်ပေါ်ကနေ ပြုတ်ကျတဲ့ ဒဏ်ရာကြောင့် ဒီနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။ “ကိုကပ်လမ်ခုပ် အပင်ပေါ်ကနေ ပြုတ်ကျတာ ကတော့ မနေ့က ပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ပေါ့။ ငါလ်ဘွာလ်ရွာကို မျောက်ငိုသီး ခူးဖို့ ဆွောင်းဆန်ရွာကနေ အဖွဲ့လိုက် သွားခဲ့ကြတယ်။ သူက အပင်ရဲ့ အဖျားပိုင်း ထိ တက်ပြီး သွားခူးရင်း ကနေ ပြုတ်ကျသွားတာ။ အစမှာတော့ ဘာမှ…

Read More

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ Joshua Van ကို အမေရိကန်က ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုမယ်

ဒီဇင်ဘာလ ၁၆ ရက်။ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရရှိထားတဲ့ Joshua Van ကို အမေရိကန်ပြည်ထောင်စု အင်ဒီယားပူလစ်မြို့ရှိ Chin Evangelical Baptist Church Life Center မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်ရောက်ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့ပြုလုပ်တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးရခဲ့ပါတယ်။ ချင်းလူငယ် Joshua Van ချန်ပီယံခါးပတ်ရရှိတာကြောင့် UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့…

Read More

ချင်းညီနောင်ပါဝင်တဲ့ ‘နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု’ ဖွဲ့စည်းကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၆ ရက်။ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်(CB)အဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – Spring Revolution Alliance – SRA “ဖွဲ့စည်းကြောင်း မနေ့ဒီဇင်ဘာလ ၁၅ ရက်မှာ အဖွဲ့ ၁၉ ဖွဲ့က စုပေါင်းပြီးထုတ်ပြန်ကြေညာပါတယ်။ နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းဖို့ တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ၂၀၂၅ မေလအတွင်း စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၁ ရက်စတင်ပြီး တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို ၃ ရက်ကျင်းပခဲ့ပြီးတဲ့နောက်အဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

Read More

ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံခဲ့ရ

ဒီဇင်ဘာလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူငယ် အယောက် ၁၀ ယောက်ထက်မနည်းကို လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်တာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မနေ့ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ စစ်မှုထမ်းအတွက် ၁၀ ယောက်ထက်မနည်း ဆွဲခံရတယ် တာဟန်း ဘက်မှာ ၃ ယောက်၊ ဆိပ်ကမ်းသာ ဘက်မှာ ၄ ယောက် ၊ ရွှေကျောင်းတော်ဘက်မှာ ၃ ယောက် လမ်းမှာပဲ ဆွဲသွားတာ” လို့ ပြောပါတယ်။ ကလေးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းအတွက် လူငယ်ရှိတဲ့ နေအိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေကို အရင်က လုပ်ခဲ့ပြီး စစ်မှုထမ်းအတွက်…

Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာ CDF – Matupi စစ်ဦးစီးဌာနမှူးကျဆုံးခဲ့ကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၃ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာ Chinland Defense Force – Matupi (CDF – Matupi)ရဲ့ စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီ ဒီဇင်ဘာလ ၁၂ ရက်နေ့ မြင့်မြတ်စွာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ CDF – Matupi က ထုတ်ပြန်ပါတယ်။ CDF – Matupiအဖွဲ့ရဲ့ စစ်ဦးစီးချုပ် Nai John Kim က “ဒီဖလမ်းနယ်ထဲမှာဘဲ Sumhrang ရွာအနီးအနားမှာဘဲ မတူပီရဲဘော်တော့ ၂ ဦးကျသွားပြီပေါ့ တိုက်ပွဲကလည်း အမြဲတမ်းပြင်းထန်နေတော့ တချို့ဒဏ်ရာရ ရဲဘော်တွေလည်း ရှိနေပါတယ် ဒီဟာတွေတော့ လုံခြုံရေးအရ ထည့်ပြောလို့ မရသေးဘူးပေါ့ ကျဆုံးတာတော့…

Read More

အိန္ဒိယအစိုးရကို စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၁၃ ဖွဲ့ က အိတ်ဖွင့်စာပေးပို့

ဒီဇင်ဘာလ ၁၃ ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကိုလုံးဝအသိအမှတ်မပြုဖို့ အပါအဝင် အချက် ၃ ချက်ကို အိန္ဒိယအစိုးရနှင့် လွှတ်တော်ကို မြန်မာပြည်သူလူထု ကိုယ်စားလှယ်စား အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ၁၁၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ၂၉ ဦးတို့က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့တယ်လို့ India For Myanmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ၎င်းတို့စိုးမိုးထားရာ နယ်မြေအနည်းငယ်မှာ မကြာမီကာလအတွင်း ဟန်ပြကျင်းပရန် ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲ ကို လုံးဝ အသိအမှတ်မပြုဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲသို့စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များစေလွှတ်ခြင်းမှရှောင်ကြဉ်ရန်၊မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမယ့် အကူအညီတွေကိုသာ ပံ့ပိုးပေးဖို့ အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့ထားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊…

Read More

ရခိုင်ပြည်နယ် ‌မြောက်ဦးပြည်သူ့ဆေးရုံကြီးလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ CDF – Asho က တစ်မိနစ်ငြိမ်သက်ခြင်းပြုလုပ်

ဒီဇင်ဘာလ ၁၂ ရက်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၉)နာရီ ၁၃ မိနစ်ချိန်တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး( ၂ ) လုံးဖြင့်ကြဲချ တိုက်ခိုက်ခဲ့လို့ ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းကို ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်မှာစစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho ) က ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ချင်းကာကွယ်ရေးတပ်…

Read More