
မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ နေရာမှာ မြေပြိုမှုဖြစ်ပွားကာ ချင်းစစ်ရှောင်ဒုက္ခသည် ၃ ဦးအပါအ၀င် ၅ ဦးသေဆုံး၊နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျ၊မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ
ဇွန်လ ၇ ရက်။ မေလ ၃၀ ရက်ကစပြီးအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အဝန်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ ခုမှာ မြေပြိုမှုများနဲ့ရွှံ့မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ပြည်နယ်အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဌာနရဲ့ ဇွန်လ (၅) ရက်နေ့အထိထုတ်ပြန်ချက်ကို ဒေသတွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။ ထိုသို့ ရေကြီး၊ မြေပြိုမှုများကြောင့် မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်းတို့အနက် ၃၃၈ စုမှာ မြေပြိုမှုကြောင့် ၎င်းတို့၏နေအိမ်နေရာများ အန္တရယ်ရှိလာသဖြင့်ရွှေ့ပြောင်းခြင်းဖြစ်ပြီး မိသားစု ၁၁၄ စုမှာရေကြီးမှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ India Today သတင်းဌာနက ဇွန်လ (၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျခြင်း၊ ပျက်စီးခြင်းများဖြစ်ပွားခဲ့ရပါတယ်။ ထိုသို့ မြေပြိုမှုများ၊ ရေကြီးမှုများ၊ နေအိမ်ပြိုကျမှုများနဲ့ အခြားသဘာဝဘေးကြောင့်…