Headlines

ဒီပဲယင်းမြို့နယ်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူထဲမှ ကျောင်းသား ၁ ဦးထပ်မံသေဆုံးကာသေဆုံးသူ ၂၃ ဦးရှိလာ၊ဒဏ်ရာရသူ ၁၀၂ ဦးအထိရှိ

မေလ ၁၃ ရက်။ မနေ့ မေလ ၁၂ ရက် မနက် ၉ နာရီခွဲအချိန်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူထဲမှ မောင်စွမ်းကိုကို (ဘ)ဦးမောင်ဇော် Grade 7 ဟာ ဒီကနေ့ မေလ ၁၃ ရက်မှာ ထပ်မံ ကွယ်လွန်သွားကြောင်း ၊မနေ့က သေဆုံးသူ ကလေး ၂၀ ဦးနဲ့ဆရာမ ၂ ဦးနဲ့ပေါင်းကာ သေဆုံးသူ ၂၃ ဦးရှိလာပြီဖြစ်ကာ ၊လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌မှု စာရင်းမှာ မြေပြင်စာရင်းကောက်ယူမှုအရ (၁၀၂)ဦး ဖြစ်ကြောင်း အတည်ပြုဖော်ပြအပ်ပါကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁၃ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ Grade…

Read More

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဟားခါးမြို့မှာ ကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်း ဈေးတက်နေလို့ အခြေခံလူတန်းစားတွေအခက်အခဲဖြစ်နေ

မေလ ၁၃ ရက်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့တန်ဆာခတွေကြောင့် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ စားသောက်ကုန်နဲ့ တခြားကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်းစျေးတက်နေလို့ အခြေခံလူတန်းစားတွေ လုပ်ကိုင်စားသောက်နိုင်ဖို့ အခက်ခဲများစွာရှိလာနေတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေဒေသခံတစ်ဦးက “အခြေခံစားသောက်ကုန်တွေလည်း ဈေးအရမ်းကြီးလာတယ် တနေ့ပြီးတနေ့ပေါ့ ကြက်ဥ တစ်လုံးကို ၇၀၀ ၊ ငါးတပိဿာကို ၃ သောင်း၊ ကြက်တစ်ကောင်ကို ၃ သောင်းလောက်ဈေးရှိတယ် နောက်ပြီး မီးသွေးဈေးတောင် ၃ သောင်းခွဲရှိနေပြီ မလွယ်ဘူး အခြေခံလူတန်းစားတွေအနေနဲ့ ဝယ်နိုင်ဖို့က ဘယ်လိုမှ မလွယ်ဘူး အဓိက အခုလို ကုန်ဈေးနှုန်းတွေတက်တာ တန်ဆာခတွေကြောင့် ဖြစ်မယ်” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေအပြင် ဂိတ်တွေမှာ ငွေကြေးအရမ်းပေးရလို့လည်း ဟားခါးမှာ အခုလို ကုန်ပစ္စည်းဈေးနှုန်းတွေ တနေ့ပြီးတနေ့ ဈေးတက်တာလို့လည်း သိရပါတယ်။ ချင်းပြည်နယ်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့်…

Read More

CDF – Kanpetlet urges people of Kanpetlet to protect their controlled areas from loss, marking 4 years since its establishment

May 13. A CDF – Kanpetlet official told Chin World Media on May 13, marking 4 years since its establishment, that they are urging people of Kanpetlet to protect their controlled areas from loss, a success that has been achieved with the sacrifice of many lives and blood. A CDF – Kanpetlet official said, “On…

Read More

Nearly $100,000 needed for medical treatment of Chin and allied soldiers who lost limbs during the battle for Falam

May 13. Nearly USD $100,000 is needed for medical treatment of Chin and allied soldiers who lost limbs during the battle for Falam, said Salai Timmy, spokesperson for the Chin National Organization (CNO / CNDF) based in Falam Township. Nearly $100,000 is needed to provide prosthetic limbs, hands, and hearing aids to the comrades who…

Read More

ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြဖို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ဒီနေ့မှာ CDF – Kanpetlet ပြော

မေလ ၁၃ ရက်။ အသက်သွေးချွေးပေါင်းများစွာရင်းနှီးပြီး ရလာတဲ့ အောင်မြင်မှု ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်သွားကြဖို့ ကန်ပက်လက်ပြည်သူတွေကို တိုက်တွန်းတယ်လို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။ CDF – Kanpetlet ကတာဝန်ရှိသူတစ်ဦးက “CDF – Kanpetlet ရဲ့ ၄ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို သတင်းပါးချင်တာကတော့ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထားပြီး ခံယူချက်၊ ပန်းတိုင် မယိမ်းယိုင်ဘဲ တစိုက်မတ်မတ် ရှေ့ဆက်ဖို့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပြီး ရရှိလာတဲ့ အောင်မြင်မှု…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေ

မေလ ၁၃ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာဖြစ်တယ်လို့ မေလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ကြတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အတွက် ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောခဲ့တာဖြစ်ပါတယ်။ “ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၅၀ ကျော်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စုစုပေါင်း တော်လှန်ရေးရဲဘော်…

Read More

Many young people in Tonzang are fleeing their homes as CDF-Tonzang summons them to join militia training

May 13. A displaced young man from Tonzang told Chin World Media that many young people in Tonzang and surrounding villages are fleeing the area because CDF-Tonzang is summoning young people to join militia training and arresting those who fail to attend. “We were in the first group of the people’s militia training in Tonzong….

Read More

CDF-Tonzang မှ ပြည်သူ့စစ်သင်တန်း တက်ဖို့ နေအိမ်အရောက် ဖမ်းဆီးခေါ်ယူနေလို့ တွန်းဇံမြို့က လူငယ် အများအပြား တိမ်းရှောင်နေရ

မေလ ၁၃ ရက်။ CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ရောက် ဖို့ လူငယ်တွေကို ဆင့်ခေါ် နေပြီး တက်ရောက်ရန် ပျက်ကွက်သူများကို နေအိမ် အရောက် ဖမ်းဆီး ခေါ်ဆောင် တာကြောင့် တွန်းဇံမြို့ နှင့် ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ဒေသကို စွန့်ခွာ တိမ်းရှောင် နေရ သူ များပြား နေကြောင်း တိမ်းရှောင်သူ တွန်းဇံဒေသခံလူငယ် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။ “ကျွန်တော်တို့ က တွန်းဇံမြို့မှာ ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း ပထမ အဖွဲ့ မှာ ပါတယ်။ အသက် ၁၈နှစ် နှင့် ၃၅ နှစ်ကြားလို့ သတ်မှတ်တယ်…

Read More