
ရေဘေးကြောင့် တနိုင်ငံလုံးမှာ ပြည်သူ ၂၆၈ ဦးသေဆုံးပြီး၊၈၈ ဦး ပျောက်ဆုံးလျက်ရှိေကြာင်း ထပ်မံသတင်းထုတ်ပြန်
စက်တင်ဘာလ ၁၉ ရက်။ တိုင်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် နိုင်ငံအဝှမ်းမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ တနိုင်ငံလုံးမှာ မြို့နယ် ၅၆ ခုမှာ ဒေသခံပြည်သူ ၂၆၈ ဦးသေဆုံးပြီး၊၈၈ ဦးပျောက်ဆုံးလျက်ရှိကြောင်းစက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီအထိ ကောက်ယူတဲ့စာရင်းကို စစ်ကောင်စီက ထပ်မံသတင်းထုတ်ပြန်ထားပါတယ်။ သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ (၁)ဦးလျှင် (၅)သိန်းကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်၊ စုစုပေါင်း (၈) သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ရာဂိမုန်တိုင်းရဲ့ နောက်ဆက်တွဲမိုးသည်းတာတွေကြောင့် မြန်မာနိုင်ငံ အနှံ့မှာ ရေကြီးရေလျှံတွေ ဖြစ်ခဲ့တာကြောင့် နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်း၊ တောင်ပိုင်းအပါအဝင်…