Headlines

ငါးမျိုးတွေ သားပေါက်တဲ့ကာလအတွင်း ငါးဖမ်းတာမလုပ်ဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၂၃ ရက်။ ငါးမျိုးတွေ သားပေါက်တဲ့ကာလဖြစ်လို့ ချင်းပြည်နယ် လောက်တူနယ်ဒေသမှာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြစ်ချောင်းတွေမှာ ငါးဖမ်းတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငါးရစ်တက်ကာလအတွင်း ငါးရစ်တက်ငါးတွေကို မည်သူကမှ နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းကျုံးခြင်းနဲ့ ဖမ်းယူခြင်း လုံးဝ မလုပ်ကြဖို့ နဲ့ငါးမျိုးသားပေါက်ကာလ ဖြစ်တဲ့အတွက် ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တဲ့ကြောင်းနဲ့ တားမြစ်တာကို ကျူးလွန်တဲ့ မည်သူကိုမဆို ကျပ်တစ်သိန်းထက်မနည်း ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်တစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်နှစ်ရပ်လုံးပေါင်းပြီး အရေးယူခံစေရမယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြက်ချက်ပါလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လောက်တူအက်ဥပဒေ ပုဒ်မ…

Read More

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းကြောင့် အရေးယူခံရတဲ့ ဆလိုင်းအိုက်ဇက်ခင်အပေါ် အယူခံ ခံစားခွင့် ခွင့်ပြုပေးဖို့ NUG ကို ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီတောင်းဆို

စက်တင်ဘာလ ၂၃ ရက်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းတို့နဲ့ အရေးယူခံရတဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် အပေါ် အယူခံ (right to appeal) ခံစားခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့အတွက် သဘောထားထုတ်ပြန်တယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီး လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒအရ စွပ်စွဲခံရသူ၏ အယူခံ (right to appeal) ခံစားခွင့် မရှိသည်ကို တွေ့ရှိရတဲ့အတွက် မိမိတို့ကောင်စီအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတထံ စက်တင်ဘာလ ၁၀ ရက်နေ့က အယူခံခွင့်ရရှိရေး တင်ပြခဲ့သော်လည်း…

Read More

မကွေးတိုင်း၊ဆောနယ်မှာ စစ်ရှောင်နေရတဲ့ကန်ပက်လက်ဒေသခံတွေ ဝင်ငွေမရှိလို့ဆေးကုသဖို့အခက်အခဲဖြစ်နေ

စက်တင်ဘာလ ၂၃ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကနေ မကွေးတိုင်း၊ ဆောမြို့ဘက်ကို စစ်ဘေးရှောင်နေကြတဲ့ ကန်ပက်လက်နယ်ကဒေသခံတွေ ဝင်ငွေမရှိလို့ ဆေးကုသဖို့အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “အိမ်ဌားခတွေ မခံနိုင်ကြတော့ဘူး အလုပ်မရှိ ဝင်ငွေမရှိတာ။ ပိုက်ဆံမရှိတော့ ဆေးဝါး၊ ကျန်းမာရေး၊ စားရေးခက်ခဲဖြစ်ကြတယ်။ သုံးနှစ်ကျော်လာတော့ ထောင့်မခံနိုင်ကြဘူး။ ပထမ တစ်နှစ် နှစ်နှစ်လောက်တော့ ရှိတာလေးထုခွဲရောင်းချပြီးနေကြတယ် အခုဆို အဲဒါတွေလည်း ကုန်ပြီလေ”လို့ Chin World Media ကိုပြောပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “ကျန်းမာရေး စောင့်ရှောက်မှု မရကြဘူးဆိုတာဖြစ်နိုင်တယ်။ ကျန်းမာရေးဘက်က ဝင်မလာကြဘူးဆိုတော့။ ကချောင်းဘက်က ဆရာဝန်တစ်ဦးထိုင်တယ်လို့ သိရတယ် အဲဒီမှာ သွားပြကြရတယ်လို့ သိရပါတယ်။ အရင်က သုံး၊လေးထောင်တန် ဆေးတွေကလည်း တစ်သောင်းကျော်ကုန်ပြီလေ သာမန်ဖြစ်တာလောက်တော့ လုပ်ပေးတယ်။”လို့ ပြောပါတယ်။ ဆေးဝါးကုသမှုပိုင်းမှာလည်း…

Read More

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ “လူမျိုးအမည်” အစား “အိမ်တွင် အဓိကပြောဆိုသောဘာသာစကား” ဟု မေးခွန်း အစားထိုး ပြင်ဆင်လာမှုအပေါ် ချင်းပြည်နယ်ရှိ လူငယ်နှင့် လူမှု အဖွဲ့အစည်းများ၏အမြင်

စက်တင်ဘာလ ၂၃ ရက်။ လာမဲ့အောက်တိုဘာ ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့စက်တင်ဘာ ၁၇ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ေအာက်တိုဘာလ ၁၅ ရက်နေ့ အထိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတ၀န်း ကောက်ခံ သွားမည့်သန်းခေါင်စာရင်း အစီအစဉ်မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်စဉ်က မေးခဲ့တဲ့ “လူမျိုးအမည်” ဟူသော မေးခွန်း မပါရှိတော့ဘဲ “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဟူ၍ ပြောင်းလဲ ပြင်ဆင် သုံးစွဲ…

Read More

ရေကြီးရေလျှံမှုကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၀၀ နီးပါးရှိပြီဖြစ်ကာ၊၈၉ ဦးပျောက်ဆုံးလျက်ရှိ ကြောင်း စစ်ကောင်စီထပ်မံထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။ ရေကြီးရေလျှံမှုကြောင့် တိုင်းနှင့်ပြည်နယ် ၉ ခုရှိ ၅၄ မြို့နယ်မှာ ရေဘေးဒုက္ခကြုံတွေ့ခဲ့ပြီး သေဆုံးသူဦးရေ ၃၈၄ ဦး ရှိပြီဖြစ်ကာ၊၈၉ ဦးပျောက်ဆုံးလျက်ရှိကြောင်းအာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ထပ်မံသတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၂၁ ရက် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ ရေဘေးကြောင့် သေဆုံးသူများမှာ နေပြည်တော်မှ ၁၆၄ ဦး၊မန္တလေးတိုင်းမှ ၁၃၄ ဦး၊ရှမ်းပြည်နယ်မှ ၇၈ ဦး၊ကရင်ပြည်နယ်မှငါးဦး၊ ပဲခူးတိုင်းမှနှစ်ဦး၊ ဧရာဝတီတိုင်းမှတစ်ဦးဖြစ်ကြောင်း၊အဆောက်အဦး စုစုပေါင်း ၁၄၁၆၂၇ လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်)ထိစာရင်းများအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်…

Read More

အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို ICNCC နဲ့ Chinland Council တို့သဘောတူညီမှုရရှိကြောင်းထုတ်ပြန်

စက်တင်ဘာလ ၂၁ ရက်။ ညီအကို အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ ပြုလုပ်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC / ချင်းညီနောင် CB အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး( CNF)/ Chinland Council တို့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ တွေ့ဆုံဆွေးေနွးပွဲရလဒ်ကို (ZORO) ကထုတ်ပြန်ပါတယ်။ ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော…

Read More

နေပြည်တော်က အရှိုချင်းလူမျိုးအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ပြင်ဆင်ထားဖို့ ပြောကာ ပြန်လွှတ်ပေးတယ်လို့ သိရ

စက်တင်ဘာလ ၂၁ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ကျောက်အိုးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ အရှိုချင်းလူမျိုး အမျိုးသားအယောက် ၇၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၉ ရက်နေ့မှာ နေပြည်တော်ခေါ်ဆောင်သွားပြီး စစ်မှုထမ်းရမယ့်အကြောင်းကိစ္စတွေပြောကာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒေသခံတစ်ဦးက “လွတ်တာက အကုန်လုံးပြန်လွှတ်လာတယ် ဒါပေမယ့် စစ်ကောင်စီက အပေါ်ကနေ ယူနီဖောင်းတွေပြန်ချပေးတဲ့အခါကြရင် ၂ ပတ်လောက် စစ်ပညာ တက်ရမယ်တဲ့ နေရာနဲ့ အချိန်ကိုတော့ အတိအကျမသိရသေးဘူး ပြီးတော့ ၇၀ ကျော်ထဲကနေ အယောက် ၂၀ ကိုတော့ အရံ ကျန်တဲ့ အယောက် ၅၀ ကိုတော့ အမာခံလူဆိုပြီး စစ်ကောင်စီကခွဲပေးတယ် စစ်သင်တန်းကိုတော့ အယောက် ၇၀…

Read More

တီးတိန်မြို့မှာ ၅ လ အကြာထုတ်ပေးနိုင်ခြင်းမရှိတဲ့ ပင်စင်လစာများ ကို ပြန်လည်ထုတ်ပေးမယ်

စက်တင်ဘာလ ၂၀ ရက်။ တီးတိန်မြို့မှာ ၅ လ အကြာ ထုတ်ပေးနိုင်ခြင်း မရှိတဲ့ အငြိမ်းစား ပင်စင်လစာများကို စက်တင်ဘာလ ၂၃ ရက်နေ့ ကစပြီး ခလရ ၂၆၉ တပ်ရင်းဝန်းထဲကနေ ပြန်လည် ထုတ်ပေးတော့မည် ဖြစ်ကြောင်း တီးတိန်မြို့ဒေသခံများ ထံမှ သိရှိရပါတယ်။ “‌‌ပင်စင်လစာ နောက်ဆုံး ထုတ်ပေးတာက ဧပြီလ မှာပါ။ မေလကုန်မှာ ကျတော့ ဘဏ်မှာ ပိုက်ဆံ ပြတ် သွားတော့ ထုတ်မပေးနိုင်ဘူး။ အဲလိုနဲ့ မြို့တွင်း တိုက်ပွဲ ဖြစ်သွားတော့ ဝန်ထမ်းတွေရဲ့ လစာတွေပါ ထုတ်မရ တော့ဘူး၊ အကုန်လုံး နှောင့်နှေး နောက်ကျ ပြီးမှ ရကြတယ်” လို့ တီးတိန်ဒေသခံ ၁ ဦးကပြောပါတယ်။ ” အာဏာသိမ်းပြီး…

Read More

နေပြည်တော်မှာ အသက် ၁၄ နှစ် ကနေ ၄၀ ကြားရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော် စစ်မှုထမ်းဖို့ ခေါ်ခံရတယ်လို့သိရ

စက်တင်ဘာလ ၂၀ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ် ကျောက်အိုးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော်ကို စစ်ကောင်စီက မနေ့စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစ်မှုထမ်းဖို့ နေပြည်တော်ကို ခေါ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ဧပြီလစာရင်းကောက်တုန်းက စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တယ် လူငယ်တော်တော်များများက ထိုင်း၊ မလေးရှား အကုန်ထွက်သွားကြတယ် အခုရွာမှာ သိပ်မကျန်ဘူး သူတို့အဲဒီတုန်းက စာရင်းမှာရှိသလောက်ကို မနေ့ကစလို့ ထပ်ခေါ်တာဖြစ်တယ် သူတို့ခေါ်တာ စစ်မှုထမ်းဖို့ခေါ်တာမဟုတ်ဘူး အရင်ဧပြီလက ယူထားတဲ့စာရင်းထဲက လူတွေကို မိတ်ဆုံစားပွဲလုပ်မယ်ဆိုပြီးမှ မနေ့ညနေက သူတို့က ကားနဲ့ခေါ်သွားတယ် အယောက် ၇၀ ကျော်ကို နေပြည်တော်ကို ခေါ်သွားတယ် ဒီကနေ့ထိ ပြန်မပို့သေးဘူး” လို့…

Read More

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းCHRO ထုတ်ပြန်

စက်တင်ဘာလ ၂၀ ရက်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က စက်တင်ဘာလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းတွေနဲ့ အခြားသောအကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ချင်းကလေးငယ် ၇၃ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ CHRO ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကြောင့် ဒါဇင်နဲ့ချီတဲ့ ချင်းကလေးငယ်တွေ မိဘမဲ့ဘဝကို ရောက်ရှိခဲ့ရကြောင်း၊ခုလို ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီဟာ တာဝန်ခံရမယ်လို့လည်း CHRO ကဖော်ပြထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ေနာက် ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့…

Read More