ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူအတွက် အာဆီယံ အကူအညီတွေကို စစ်ကောင်စီကနေ တဆင့်ပေးမှာကို အပြင်းအထန် ကန့်ကွက်ကြောင်း CNF ပါဝင်တဲ့ EROs အဖွဲ့တွေ နဲ့ NUG ပူးတွဲပြီးထုတ်ပြန်
ဧပြီလ ၁၆ ရက်။ ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အာဆီယံ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီကနေ တဆင့် ပေးမှာကို အပြင်းအထန် ကန့်ကွက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs)အဖွဲ့တွေ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ပူးတွဲပြီးကန့်ကွက်ကြောင်း ဧပြီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စုဟာ တိုင်းပြည် နယ်နိမိတ်စုစုပေါင်း ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်ထားနိုင်တာဖြစ်လို့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပေးအပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိ၊ ဘက်မလိုက်ဘဲ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အာဏာသိမ်းစစ်ကောင်စီကနေ တဆင့်ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံရေးအရ အလွဲသုံးချမယ့်…

