ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းညီနောင်အဖွဲ့ (CB)နဲ့NUG ၊CRPH၊ NLD ၊NUCC တို့က ပူးတွဲထုတ်ပြန်
ဖေဖော်ဝါရီလ ၃ ရက်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားကြောင်းချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ (CB)နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့က ပူးတွဲပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်နိုင်ငံရေး ဦးတည်ချက် ၆ ရပ်မှာ (၁)စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ (၄)…

