စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊ အမျိုးသမီး ၇၇ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၈ ရက်။ စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊အမျိုးသမီး ၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၃ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ဦး စုစုပေါင်း အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ BWU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ ရခိုင်ပြည်နယ်က ၃၉ ဦး၊ ရှမ်းပြည်နယ်က ၁၁ ဦး၊ စစ်ကိုင်းတိုင်းက ၁၀ ဦး၊ မန္တလေးတိုင်းက ခုနစ်ဦး၊…

