ကိုယ်စားဝန်ထမ်း တရားမဝင်ငှားရမ်းမှုဖြင့် မီဇိုရမ်အစိုးရဝန်ထမ်း ၂၉ ဦးကို အလုပ်မှထုတ်ပယ်
ဖေဖော်၀ါရီလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရဌာနအသီးသီးက ဝန်ထမ်း ၂၉ ဦးဟာ ၎င်းတို့ရဲ့ တာဝန်တွေကို ကိုယ်တိုင်မလုပ်ဘဲ တရားမဝင် ကိုယ်စားဝန်ထမ်း (Proxy) ငှားရမ်းခိုင်းစေခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်လိုက်ရတယ်လို့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဝန်ကြီး K Sapdanga က ပြောကြားခဲ့ကြောင်း ဖေဖော်၀ါရီ ၂၅ ရက်နေ့မှာ India Today သတင်းဌာနကဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကိုယ်စားဝန်ထမ်းငှားရမ်းခဲ့တဲ့ ဝန်ထမ်း ၃၇ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၉ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး ကျန်တဲ့ ၈…

