မှန်တောကျေးရွာကို စစ်ကော်မရှင်တပ်ကသိမ်းပိုက်ကာ ကလေး-ဂန့်ဂေါ လမ်းတလျှောက် ဆက်လက်ထိုးစစ်ဆင်နေ
အောက်တိုဘာလ ၂၀ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မှန်တောကျေးရွာကို စစ်ကော်မရှင်ဘက်က လက်နက်ကြီး၊ လူအင်အား၊ ဒရုန်း အမြောက်များသုံးပြီး အောက်တိုဘာလ ၁၈ ရက်နေ့ညမှာ ပြန်ထိန်းချုပ်သွားကာ ကလေး – ဂန့်ဂေါ ကားလမ်းမ တလျှောက်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ အဓိကတော့ အင်အားမမျှတာရော နည်းပညာအားသာချက်တွေကြောင့် ပါသွားတာပါ လက်နက်ကြီး၊ လူအင်အား၊ ဒရုန်းတွေ အမြောက်များသုံးပြီးတိုက်သွားတာ စစ်ကော်မရှင်ဘက်က အဲဒါကြောင့် ပါသွားတာ အခုကမ်းပါးနီ တံတားနားမှတွေ ဒီဘက်တော့ မကူးသေးဘူးခုထိ တိုက်ပွဲတွေလည်း ခုငြိမ်နေတယ် ထပ်မတိုးလာသေးဘူး သူတို့ဘက်က တိုးလာရင်တော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ပစ်ကြမှာပေါ့” လို့ပြောပါတယ်။ မှန်တော်တိုက်ပွဲအတွင်း…

