စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ နိုင်ငံရေးပါတီတွေကို NUG/NUCC က တိုက်တွန်း
မေလ ၁၁ ရက်။ ပြည်သူလူထု၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုလျက် စစ်အုပ်စုမှ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေး နှင့် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေရေးအတွက် ဟန်ပြပြုလုပ်ကျင်းပမည့်၊ ရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာနှင့် စံနှုန်းများ ပျက်ကွက်ချို့ယွင်းနေသည့် ဂုဏ်သိက္ခာကင်းမဲ့လှသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန် အကြံပြု တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က မေလ ၁၀ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ NUG နှင့် NUCC ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီမှ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း ထုတ်ပြန်ချက်မှာ နာဂစ်…

