
ရခိုင်ပြည်၊မောင်တောမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မြိုအမျိုးသား ၉၀ ကျော် စစ်မှုထမ်းဖို့ AA ဖမ်းဆီး
ဇန်နဝါရီလ ၂၀ ရက်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုကျေးရွာ ၁၀ ရွာခန့်က အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုတိုင်းရင်းသား အမျိုးသား ၉၁ ဦးကို AA က စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ညကစပြီး အခုအချိန်အထိအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အိမ်ထောင်ဦးစီးတွေ၊ မိဘလုပ်ကျွေးသူတွေ၊ ကျောင်းသားတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေလည်းပါဝင်ပြီး ၎င်းတို့ဟာ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ်မှ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။ “ညဘက် လူအိမ်မော့ကျတဲ့အချိန် AA ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ တစ်အိမ်တက်ဆင်း လာဖမ်းဆီးသွားတာပါ။ တချို့တွေဆို တစ်အိမ်မှာနှစ်ယောက်ပါသွားတဲ့သူတွေလည်းရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေရော့၊ အသက်ကြီးပိုင်းတွေရော့ပါ အကုန်ခေါ်သွားတာ။ အခုအဆက်သွယ်လည်း…