နတ်ရေကန်တပ်စခန်း မကျရေး လုံခြုံရေးဆောင်ရွက်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို CDF – Asho က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၉ ဦးသေဆုံးခဲ့တယ်လို့ သိရ
မေလ ၁ ရက်။ နတ်ရေကန်တပ်စခန်း မကျရေးအတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာရှိတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ကဒီကနေ့ မေလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ – ၁၃ မှ တပ်သားတွေ ကားလမ်းလုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF – Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ပြီး…

