Headlines

မြန်မာနိုင်ငံတွင်သမိုင်းအဆက်ဆက်မှ ယနေ့ထိပေါ်ထွန်းခဲ့သော အရှို(ချင်း)နိုင်ငံရေးအဖွဲ့အစည်းများ(လေ့လာနိုင်ရင်တင်ပြခြင်း)

============================ အရှိုချင်းနိုင်ငံရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အခါအခွင့်သင့်သလို အမျိူးသားနိုင်ငံရေးအဖွဲ့အစည်းများတည်ထောင်ကာ လူမျိူးရေရှည်တည်တံ့ရေးကို အရှို(ချင်း)အမျိူးသားခေါင်ဆောင်များက လက်လှမ်းမှီသရွှေကြိုပမ်းခဲ့ကြပါသည်။ ကိုယ်ပိုင်နယ်မြေသတ်သတ်မှတ်မှတ်မရှိသော်လည်း ပါတီစုံဒီမိုကရေးစီကျင့်သုံးခဲ့သောကာလတစ်လျောက်လုံး နိုင်ငံရေးပါတီတည်ထောင်ကာ အမျိုးသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်ကိုမြှင့်တင်ပေးခဲ့ကြပါသည်။ အရှို(ချင်း)တို့ဟာသမိုင်းအစဉ်အဆက်အမျိုးသားနိုင်ငံရေးအဖွဲ့အစည်းတည်ထောင်ကာ နိုင်ငံရေးဦးဆောင်မူပေးခဲ့သောလူမျိူးဖြစ်ကြောင်းတင်ပြလိုပါသည်။တစ်ချို့ကအရှို(ချင်း)တွေဟာအခုမှနိုင်ငံရေးပါတီထောင်ပြီးနိုင်ငံရေးလုပ်သလိုလို ထင်နေကြပါတယ်။အရှို(ချင်း)တွေကိုယ်တိုင်ကအဲ့သလိုထင်တဲ့သူတွေရှိတယ်။ အဲ့ဒါကြောင့် ရေးသားတင်ပြအပ်ပါသည်။ ဒါပေမယ့် နိုင်ငံရေးအာဏာကျင့်သုံးနိုင်သောအနိုင်ရပါတီအဖြစ်တော့ အောင်မြင်မူမရရှိခဲ့ကြပါဘူး။ ဒါကလည်း အရှို(ချင်း)လူမျိုးတွေအနေဖြင့်အလေးအနက်စဉ်းစားရမယ့် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့သတိပေးလိုပါတယ်။ တကိုယ်တော်စွန်းစားခဲ့သော မြန်မာနိုင်ငံကျောင်းသားခေါင်းဆောင် အာဇာနည်ဆလိုင်းတင်မောင်ဦးဟာစစ်အာဏာရှင်တွေကို အံတုကာ အာဏာရှင်ကျဆုံးရေးအတွက်အသက်ပေးခဲ့သောတစ်ဦးတည်းသောအာရှတိုက်သူရဲကောင်းဖြစ်ပါတယ်။သူဟာအရှိုချင်းလူမျိူးစစ်စစ်ဖြစ်ပါတယ် (1)အရှိုခွန်စူ(ချင်းနေရှင်နယ်ပါတီ) —————————- အရှိုခွန်စူကိုမြန်မာနိုင်ငံလွတ်လပ်ရေးအကြိုကာလ1947ခုနှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဤပါတီသည်အရှို(ချင်း)လူမျိူးတို့၏ပထမဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ပါတီဥက္ကဌမှာဆမိုလှဦး(BA)သည်1947တွင် ဗိုလ်ချူပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချူပ်သို့သွားရောက်တွေ့ဆုံပြီးပါလီမန်(လွှတ်တော်)တွင်အရှို(ချင်း)အမတ်နေရာရရှိရန် တောင်းဆိုခဲ့လေသည်။ အရှို(ချင်း)အတွက်ပါလီမန်အမတ်တနေရာရရှိခဲ့ရာ အရှိုချင်းအမျိုးသား ဦးဖိုးအောင်(ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဒုံရွာဇာတိသည် ပခုက္ကူမြို့နယ်မှအရွှေးခံကာ ပါလီမန်အမတ်ဖြစ်လာခဲ့သည်။ အရှိုခွန်စူပါတီမှအမတ်ဦးဖိုးအောင်သည် တိုင်ပြု ပြည်ပြုလွှတ်တော်၌ မကြာမီလွတ်လပ်ရေးရရှိတော့မည့်မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရာ၌ပါဝင်ခဲ့ပေသည်။အရှိုခွန်စူပါတီအောက်တွင်အရှို(ချင်း)အမျိူးသားကာကွယ်ရေးတပ်ဖွဲ့(ACDO)ရှိသည်။လွတ်လပ်ရေးရပြီးနောက်မကြာမီတွင်ကွန်မြူနစ်လိုလားသူတပ်ဖွဲ့ဝင်အချိူးသည်ဗမာပြည်ကွန်မြူနစ်ပါတီသို့ဝင်ရောက်ခဲ့ကြသည်။နောင်တွင်၎င်းတို့ဗမာပြည်ကွန်မြူနစ်ပါတီအောက်တွင် ချင်းဦးစီးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြလေသည်။ (2)မြေပြန့်ချင်း အမျိူးးသားအစည်းအရုံး ================ မြေပြန့်ချင်းအမျိူးးသားအစည်းအရုံးသည် မြန်မာနိုင်ငံလွှတ်လပ်ရေးရရှိပြီးပါလီမန်ဒီမိုကရေစီခေတ်တွင်…

Read More

လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပလက်ဝမြို့နယ်က ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ AA တပ်သား ၂ ဦးကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ ထုတ်ပြန်

မေလ ၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံချင်းအမျိုးသမီးတစ်ဦးကို ဧပြီလ ၅ ရက်နေ့က ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင် ၂ ဦးက မုဒိန်းကျင့်ခဲ့တဲ့ဖြစ်ရပ်ဟာ လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ Chinland Council က ဖွဲ့စည်း ပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင့်တပ်မတော် (AA)ဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကြောင်းပြပြီး ချင်းပြည် (Chinland) အတွင်း ပလက်ဝဒေသခံပြည်သူတွေ သဘောတူညီမှုမရှိဘဲ တပ်စခန်းတွေချတာ စစ်ရေးဖော်ဆောင်ခြင်းတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်ကြရတဲ့အပြင် အခုလိုချင်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်ရှိရှိ…

Read More

မတူပီမြို့နယ်မှာ အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိလို့ ၁ ဦး ခြေတစ်ဖက်ပြတ်သွားတယ်လို့ သိရ

မေလ ၂ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ကျေးရွာမှာ မေလ ၁ ရက်နေ့ မနက်ပိုင်းက ဒေသခံ အမျိုးသား (၂) ဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးမှာညာခြေပြတ်သွားပြီး နောက်တစ်ဦးက ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ရွာထဲသန့်ရှင်းရေးလုပ်ဖို့သွားကြရင်း ဖြစ်သွားတယ်လို့ဘဲ သတင်းရပါတယ် ဆရာတစ်ယောက်က ခြေပြတ်ပြီး နောက်တစ်ယောက်က အနည်းငယ်ဒဏ်ရာရတယ်လို့ သိရတယ် “ လို့ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိတဲ့ ငလိုင်ရွာကဒေသခံ အမျိုးသား ၂ ဦးဟာ မီဇိုရမ်ပြည်နယ်ကနေ မတူပီမြို့နယ်က မိမိနေအိမ်ကို သန့်ရှင်းရေးလာလုပ်ဖို့ ပြန်လာချိန် အခုလိုမြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရသူ…

Read More

ကျေးငှက်တွေ သားပေါက်ချိန်ဖြစ်တာကြောင့် မင်းတပ်မြို့နယ်မှာ ငှက်ပစ်အမဲလိုက်တာကို ၂ လ တိတိ တားမြစ်

မေလ ၁ ရက်။ ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း ကျေးငှက်တွေ အသိုက်တွင်း ဥများ ဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ငှက်ပစ်အမဲလိုက်တာတွေကို မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ ၂ လတိတိတားမြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ အခုချိန်ကာလဟာ ကျေးငှက်တွေအသိုက်တွင်း ဥများဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ဒီအဖိုးတန် သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး သေနတ်၊ လောက်လေးဂွတွေနဲ့ ငှက်ပစ်အမဲလိုက်ခြင်းကို ၂ လတိတိ တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့နယ်အတွင်းက ကျေးငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်တွေပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေနှစ်တွေဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမှာဖြစ်သလို အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေးကဏ္ထကတစ်ဆင့် ဝင်ငွေရရှိစေမှာဖြစ်တာကြောင့် တားမြစ်ချက်ကို အလေးနက်ထားလိုက်နာကြရန်နဲ့ လိုက်နာခြင်းမရှိပါက…

Read More

CNO/CNDF says over 300 prisoners of war, including over 60 women, captured during battle for Falam township

May 1. A total of around 316 prisoners of war, including over 60 women, from the Military Council were captured during the battle for Falam township, said Salai Tin Mi Htut, a spokesperson for the Chin National Organization (CNO/CNDF), a Chin armed resistance group based in Falam Township and a member of Chin Brotherhood. “There…

Read More

ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အဆောက်အဦးများစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရ

မေလ ၁ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ဖလမ်းမြို့နယ်ဝေဘူလမြို့ကိုလည်း ဧပြီ ၂၇ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့မှာ အရပ်သားပြည်သူနေအိမ် များစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ CDF – kanpetlet က တာဝန်ရှိသူတစ်ဦးက “၂၉ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်တာရှိပါတယ် လူအထိအခိုက်တော့ မရှိဘူး၊ အဆောက်အဦးတွေဘဲ ထိခိုက်တယ် ” လို့ပြောပါတယ်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ညက လေကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း အပါအဝင် နေအိမ် ၁၅ လုံး…

Read More

The CDF-Asho attacked the military council troops that were on their way to secure the Nat Lake military base, killing 9 of them.

May 1. The Chin Defense Forces – Asho (CDF-Asho) announced today, May 1, that the military council troops that were on their way to secure the road from the military council troops in Pazhi village, Ngaphe Township, Magway Division, were attacked on April 30, killing 9 and injuring others. The CDF-Asho attacked the soldiers of…

Read More

နတ်ရေကန်တပ်စခန်း မကျရေး လုံခြုံရေးဆောင်ရွက်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို CDF – Asho က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၉ ဦးသေဆုံးခဲ့တယ်လို့ သိရ

မေလ ၁ ရက်။ နတ်ရေကန်တပ်စခန်း မကျရေးအတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာရှိတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ကဒီကနေ့ မေလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ – ၁၃ မှ တပ်သားတွေ ကားလမ်းလုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF – Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ပြီး…

Read More