အရေးပေါ်အခြေအနေကြေညာခံရတဲ့အထဲ ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ်ကလမ်းတချို့ယာယီပိတ်မယ်လို့ထုတ်ပြန်
ဩဂုတ်လ ၂ ရက်။ အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာခံရတဲ့ မြို့နယ်တွေထဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့လည်း ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်းက မိဘပြည်သူတွေ အရေးပေါ်အခြေအနေ ခရီးသွားလာတာကလွဲရင် လမ်းတွေ သြဂုတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ CDF – Kanpetlet Battalion (5) Khonu Battalion က ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်း ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်တွေ ဆောင်ရွက်လိုတာကြောင့် ရပ်နီးရပ်ဝေး ခရီးသွားလာခြင်း ဆိုင်ကယ်ကယ်ရီဖြင့် ကုန်စီပို့ဆောင်ခြင်း၊ ဒေသခြားသွားလာမှုတွေ အရေးပါ်အခြေအနေမှအပ ခရီးသွားလာခြင်း နှင့် ကုန်သွယ်စီးဆင်းမှု တွေအပါအဝင်…

