မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်မပေးဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့တော့မယ်
မေလ ၁၉ ရက်။ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တဲ့ အစီအစဉ်ကို မလေးရှားအစိုးရက မေလ ၁၉ ရက်နေ့ကနေ စတင်တော့မယ်လို့ မလေးရှားသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားမှာ နေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ ချင်းလူမျိုးတွေ (၇) ယောက်အဖမ်းခံရတာ သူတို့ ထောင်ဒဏ်မပေးတော့ဘဲ ချက်ခြင်းလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့လိုက်တယ် ဘာမှအထောက်အထားမရှိရင်တော့ စိုးရိမ်ရတယ် လိုက်ဖမ်းနေတယ် လဝက ကနေ နေရာအလိုက် မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေများတဲ့ ဖက်တွေပေါ့ လိုက်ဖမ်းနေကြတယ်အထောက်အထားမရှိတဲ့သူ…

