ပလက်ဝမြို့နယ်က သင်းအုပ်ဆရာတစ်ပါးကို AA အရာရှိတစ်ဦးက ရိုက်နှက်ထိုးကြိတ်မှုကိုရှုပ်ချကြောင်း GKO ထုတ်ပြန်
မေလ ၂၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတစ်ပါး၊ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးအပေါ် အာရက္ခတပ်တော်(AA )အရာရှိတစ်ဦးက အကျိုးကြောင်းမဲ့ အကြိမ်ပေါင်းများစွာ ရိုက်နက်ထိုးကြိတ်မှု ကျူးလွန်ခဲ့ခြင်းပေါ် ပြင်းထန်စွာ ရှုပ်ချတယ်လို့ Global Khumi Organization (GKO)အဖွဲ့က မေလ ၂၃ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC) အသိမှတ်ပြု သိက္ခာတော်ရဆရာတော် လိုဒိန်းဟာ ပလက်ဝနှစ်ခြင်းခရစ်ယာန်အဖွဲ့လက်အောက်ရှိ ပီချောင်းနှစ်ခြင်းအသင်းတော်များ ဧရိယာ ( PBCA) ရဲ့ ဥက္ကဌလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာတော်လိုဒိန်းဟာ ခဝဲကျေးရွာကနေ ၃ နာရီခန့် ခြေကျင်သွားရတဲ့ ဆက်ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းပေးခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ခဲဝဲကျေးရွာကို အပြန်…

