မလေးရှားရောက် ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ICC နဲ့ချင်းဘာသာရေးနှင့်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်များအစည်းအဝေးပြုလုပ်
ဇူလိုင်လ ၂၆ ရက်။ မလေးရှားရောက် ချင်းလူမျိုးဒုက္ခသည်များအရေးနဲ့ပတ်သက်ပြီး ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ (ICC) နှင့် မလေးရှားရှိ ချင်းဘာသာရေးအသင်းတော်များအပါအဝင်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်တွေက ICC Pre-Consultation Meeting အ ဖြစ်အရေးကြီးအစည်းဝေးတစ်ရပ်ကို မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က Chin Christian Fellowship (CCF), Pudu ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာပါဝင်တက်ရောက်ခဲ့တဲ့ ICC တာဝန်ရှိသူတစ်ဦးက “အဓိကဆွေးနွေးတာက မလေးရှားမှာ ရိုဟင်ဂျာပြီးရင် ချင်းလူမျိုးက ဒုတိယအများဆုံးဆိုတော့ နိုင်ငံတကာက ချင်းဒုက္ခသည်ခေါ်ယူရေး အရမ်းနှောက်နှေးနေတာရယ် အဲ့ဒါကို ချင်းလူမျိုးတွေထဲက ပညာတတ်လူကြီးတွေ သူတို့နေထိုင်တဲ့ နိုင်ငံမှာ လွှတ်တော်အထိ ချင်းဒုက္ခသည်အရေးစကားပြောတင်ပြနိုင်တဲ့သူတွေကို ခေါ်ပြီး ပြန်ဆွေးနွေးဖို့ပေါ့ ၄ နိုင်ငံလောက်က ဧည့်သည်တွေ ခေါ်ဖို့အစီအစဉ်ရှိတယ် ဒီမလေးရှားမှာ ဖြစ်ပျက်နေတဲ့ ချင်းဒုက္ခသည်အရေးကို သူတို့နဲ့…

