
မင်းတပ်မြို့မှာ ၂ ရက်ဆက်တိုက် အရပ်သားနေအိမ်တွေ မီးရှို့ခံရပြီး၂ လ အတွင်း အရပ်သားနေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီလို့သိရ
စက်တင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့၊ ၂၇ ရက်နေ့၂ ရက်ဆက်တိုက် အရပ်သားပြည်သူနေအိမ်တွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာခံရပြီး (၂)လအတွင်း အရပ်သားနေအိမ် ၅၀ ကျော်ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်ကြောင်း မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “မနေ့ညနေကလည်း မီးရှို့ခံရတဲ့အိမ်တွေက ဆက်နေတာဆိုတော့ အတိကျပြောဖို့ခက်ပါတယ်။ ၃ အိမ်ထက်များနိုင်ပါတယ်။ ဒီ နှစ်လအတွင်း အရပ်သား နေအိမ် ၅၀ ကျော်တော့ မီးရှို့ခံရပြီဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။ မနေ့ညနေ စက်တင်ဘာလ (၂၇) ရက်နေ့ညနေပိုင်းမှာ မင်းတပ်မြို့ အရှေ့ပြင် မြို့ဦးဘုန်းကြီးကျောင်းအနီးက အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ကာ၊စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း…