တတိယနိုင်ငံသွားဖို့ အိပ်မက်ပျောက်သွားပြီဖြစ်တဲ့ မလေးရှားက ချင်းလူမျိုးတွေရဲ့ အိမ်ပြန်ခရီး ဘယ်လိုဆက်ဖြစ်မလဲ
( November 06, 2018) “ချင်းဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ပိုင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးဘဲ ပြန်လည်သုံးသပ်မှုပြုလုပ်နေပါတယ်” အထက်ပါစကားကို UNHCR ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ချင်းဝေါလ်သတင်းဌာနနဲ့ ဒို့အသံတို့ပူးပေါင်းတဲ့ ရေဒီယိုအစီအစဉ်မှာ အီးမေးလ်နဲ့စာပြန်ထားတဲ့စကားဖြစ်ပါတယ်။ ချင်းလူမျိုးဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးဖြစ်ပေမယ့် လုပ်ငန်းစဉ် ပိုင်း ဆိုင်ရာမှာတော့ ဆုံးဖြတ်ချက်မချမှတ်ရသေးဘူးလို့ဆိုလိုလိုက်တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ကတော့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ၂၀၁၈ အစောပိုင်းက အေဂျင်စီအနေနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့လုံခြုံရေးဆိုင်ရာ ဖြစ်ထွန်းမှုများအပေါ် အခြေခံသည့် နိုင်ငံတကာအကာအကွယ်ပေးမှုကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ချင်းပြည်နယ်ရှိ အခြေအနေပြောင်းလဲမှုက လုံလောက်စေတယ်ဆိုပြီး UNHCR အနေနဲ့ဆုံးဖြတ်ခဲ့တယ် လို့လည်းဆိုပါတယ်။ ဒုက္ခသည်တွေရဲ့လွတ်လပ်ပြီး အချက်အလက်တွေကို သိရှိရွေးချယ်မှုအပေါ် အခြေခံပြီးတော့ ချင်းဒုက္ခသည်တွေကို မြန်မာနိုင် ငံပြန်ပို့ရေးဖြစ်နိုင်ခြေအတွက် UNHCR ကပြင်ဆင်နေကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်တွေအတွက် ပြန်လာရေး…