ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာ ၆ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ ထုတ်ပြန်
နိုဝင်ဘာလ ၃ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသလိုက်နှင့် နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ အရှေ့ဘက်က ရွေ့လျားလာသော လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ အထက်ပင့်တက် လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းတဲ့အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊…

