
ပလက်ဝမြို့နယ်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ််ဦး ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ထပ်ရှိလာ
ဇွန်လ ၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့ ပလက်ဝဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ကျနော်တို့ မြို့နယ်အတွင်း ငှက်ဖျားကြောင့် အရင်ကလည်းသေဆုံးတာတွေ များခဲ့တယ် ဆေးလက်လှမ်းမမှီနိုင်တဲ့အတွက်ပေါ့နော် နောက်ပြီးတော့ အဖြစ်များဆုံးကလည်း ငှက်ဖျားဖြစ်တော့ တချို့တချို့ရွာတွေဆိုရင် ဖုန်းလိုင်းမရတဲ့အခါကြတော့ ချိတ်ဆက်မှုအဆင်မပြေဘူး မပြေတော့ နောက်ပိုင်းကြမှ သိရတဲ့ဟာတွေ ရှိတဲ့အခါကြတော့ ငှက်ဖျားကြောင့်သေဆုံးသူက တော်တော်များတယ်လို့ အဲလိုခန့်မှန်းထားလို့လဲရတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒေသတွင်း…