စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေနဲ့ပတ်သက်ပြီး တားမြစ်ချက် (၈) ချက် ချင်းပြည် (Chinland) ကောင်စီထုတ်ပြန်
နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက် ၈ ချက်ကို ချင်းပြည် (Chinland) ကောင်စီက ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တားမြစ်ချက်တွေထဲမှာ စစ်ကော်မရှင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီ တည်ထောင်တာ ၊ ချင်းပြည် (Chinland)အတွင်း ပါတီရုံးဖွင့်တာတွေ မပြုလုပ်ဖို့နဲ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားရင်လည်း ချင်းပြည် (Chinland) ရဲ့ လုပ်ထုံးလုပ်နည်း ကြေညာတဲ့နေ့ကစလို့ နိုင်ငံရေးပါတီဖြစ်ခြင်းမှ အလိုအလျောက် ပျယ်ပြယ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်တပ်က ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ချင်းပြည်နယ်မှ ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ချင်းပြည်သူလူထုအတွက်…

