ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် လူ သေဆုံးမှုရှိလာတာကြောင့် အိန္ဒိယ(မီဇိုရမ်) – မြန်မာ(ပလက်၀)နယ်စပ် ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ သိရ
နို၀င်ဘာလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နိုဝင်ဘာလဆန်းကနေ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ကာ လူသေဆုံးမှုရှိလာတာကြောင့် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (ULA/ AA )ဘက်က ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ နယ်စပ်မှာ နေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အခုက ကာကီမှာ ဝမ်းရောဂါကြောင့် သေဆုံးလူနာတွေ ကူးစက်ဖြစ်ပွားမှု များတာတွေကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီတင်း၊ ကာကီရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြားကို ULA / AA ဘက်က ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတယ်လို့ ကြားပါတယ် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်က ULA/ AA…

