
“အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်
“ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့ တိုင်းပြည်ဟာ ပွင့်လင်းပြီး တကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါမယ်။ နိုင်ငံတိုင်းက အားကျရပြီး၊ ကျနော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေး ယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ Trump အစိုးရလက်ထက် နေ့စဉ်တိုင်းမှာ အမေရိကန်ကသာ ပထမဦးစားပေး ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ ညီညွတ်ရေးသမားအဖြစ် ဂုဏ်ယူစွာနဲ့ သမိုင်းအမွေထားရစ်ပါမယ်။ မနေ့က ပြောသလိုပါပဲ ကျနော် သမ္မတတာဝန် မယူခင် တရက်မှာပဲ အရှေ့အလယ်ပိုင်းက ဓါးစာခံတွေ လွတ်မြောက်လာပြီး သူတို့ မိသားစုတွေဆီ ပြန်သွားကြပါပြီ။” အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၀ ရက်မှာ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာ…