မင်းတပ်မြို့ပေါ် မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနေအိမ် ၇ လုံးပျက်စီးခဲ့ရတယ်လို့ သိရ
စက်တင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ် ၂ နေရာကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ညက စစ်ကောင်စီတပ်က ဗုံး ၄ လုံးကြဲပြီး လေကြောင်းကနေ တိုက်ခိုက်သွားလို့ အရပ်သားနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ မနေ့စက်တင်ဘာ ၂၁ ည ၉ နာရီ ၄၂ မိနစ် အချိန်မှာတစ်ကြိမ် နဲ့ ၉ နာရီ ၅၀ မိနစ်အချိန်မှာနောက်တစ်ကြိမ် ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲက ၂ နေရာကို လေကြောင်းတိုက်ခိုက်သွားတာလို့ မင်းတပ်ဒေသခံတွေကပြောပါတယ်။ မင်းတပ်မြို့ပေါ် ၂ နေရာကို နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂…

