ဟားခါးနဲ့တီးတိန်မြို့က ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အပြင်ထွက်ခြင်းမလုပ်ဖို့အသံတိတ်သပိတ်လုပ်ဖို့ထုတ်ပြန်
ဒီဇင်ဘာလ ၂၆ ရက်။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊အသံတိတ်သပိတ်လုပ်ဖို့ ၊ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားပါတယ်။ နေအိမ်၌သာ နေထိုင်ကာ အသွားအလာ သတိထားကြဖို့ နဲ့ ကျေးလက်နေပြည်သူတွေအနေဖြင့်လည်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ လေးစားစွာ အသိပေးတယ်လို့ PDF Zoland ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ် တွေမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဟားခါးမြို့နယ်အခြေစိုက်…

