မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ
အောက်တိုဘာလ ၉ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ မနေ့အောက်တိုဘာလ ၈ ရက်ည ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထင်ချောင်းကျေးရွာက ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး၂၀ ဦး ၀န်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ထင်ချောင်းက ကျောင်းသား၊ ကျောင်းသူ ၄ ယောက်လောက်က ပွဲချင်းပြီး သေဆုံးတယ်လို့သိရတယ် လက်ရှိ ၂၀ ဦး အထိ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ဝမ္မသူးဘက်က အထိအခိုက်တော့ မရှိဘူး ကျောင်းကိုကြဲတာဆိုတော့ ကျောင်းတော့ ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ထဲက…

