Headlines

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအနေနဲ့ လက်မခံဖို့ အဖွဲ့ အစည်း၂၀၆ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့

စက်တင်ဘာလ ၅ ရက်။ ယခုနှစ်ကုန်မှာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာ၊ ဒေသတွင်းနဲ့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၆ ဖွဲ့က ရွေးကောက်ပွဲအတု လို့ဆိုကာ ကုလသမဂ္ဂအနေနဲ့ လက်မခံဖို့ ဆိုတဲ့အချက်အပါအ၀င် အချက် (၃) ချက်ကို စက်တင်ဘာလ (၄) ရက်နေ့မှာကုလသမဂ္ဂရုံးကို အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။ အိတ်ဖွင့်တောင်းဆိုစာမှာ စစ်ကောင်စီက “နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ” ကနေ “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင်” လို့ နာမည်ပြောင်းပေမယ့်၊ ဒီရွေးကောက်ပွဲကို လုပ်ဖို့အတွက် နိုင်ငံတကာဥပဒေအရရော၊ နိုင်ငံရေးအရပါ တရားဝင်မှုမရှိဘူးလို့ ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီက သူတို့ထိန်းချုပ်မှုမရှိတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို အတည်ပြုနိုင်ဖို့ဆိုပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ ပိုပြီးလုပ်ဆောင်နေပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကိုလည်း ဖိနှိပ်တဲ့ဥပဒေတွေနဲ့…

Read More

ကလေး – တမူး လမ်းကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးပမ်းနေ

စက်တင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကလေး – တမူး ၊ အာရှလမ်းမကြီးကို အာဏာသိမ်းစစ်ကောင်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တမူး အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကလေးမြို့ကနေ မိုင်၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ကံသာယာကျေးရွာထိကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစလို့ လူအင်အား၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေနဲ့ အပြင်းအထန် တောက်လျောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တူမူးကားလမ်းမကြီးအနီးနား နေထိုင်သူတစ်ဦးက “ကံသာယာကို သိမ်းနိုင်ဖို့ အသည်းအသည် လက်နက်ကြီးတွေနဲ့ ဆိုနေ့တိုင်း အဆက်မပြတ်ချနေကြတယ် လေယာဉ်နဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လေယာဉ်နဲ့ ချတာ…

Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ဝန်ကြီးဟောင်း ဦးစိုးထက်ကို ပါတီကနေ ထုတ်ပယ်ကြောင်း NLD ထုတ်ပြန်

စက်တင်ဘာလ ၁ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာကြောင့် NLD ပါတီကနေ ထုတ်ပယ်ကြောင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဒီကနေစက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်း ပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှာ သိရှိရတဲ့ကြောင်း မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်၍ နိုင်ငံတော် အာဏာကိုအဓမ္မလုယူခဲ့ပြီး လွတ်လပ်သန့်ရှင်းတရားမျှတစွာကျင်းပနိုင်ခဲ့သည်ဟု ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိ အမှတ်ပြုထုတ်ပြန်ထားခဲ့သော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ…

Read More

ရန်ကုန်မှာ နာမကျန်းဖြစ်နေတဲ့ ချင်းလူငယ်တစ်ဦးကို အရပ်၀တ်များမှ ဖမ်းဆီးသွား

ဩဂုတ်လ ၂၈ ရက်။ ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၊(၄၈)ရပ်ကွက်နေ ဆေးရုံဆင်းခါစ နာမကျန်းဖြစ်နေတဲ့ အသက် ၂၂ နှစ်အရွယ် မောင် မောရ်ဒီးစ်လားဗဲင်ကြွာန်းအား ဩဂုတ်လ (၂၃) ရက်နေ့ည (၈) နာရီ၀န်းကျင်မှာ ဗထူးအိမ်ယာအနီးမှာ အရပ်၀တ်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း စုံစမ်းမရဖြစ်နေတယ်လို့ နီးစပ်သူတွေထံမှသိရပါတယ်။ ဖမ်းဆီးခံရသူလူငယ်မှာ နာမကျန်းဖြစ်ပြီးတင်ပါးစုံနားအကြိတ်ခွဲထုတ်ရကာ ဆေးရုံဆင်းခါစဖြစ်ကာ မြောက်ဒဂုံ ၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ယာ၀န်းကျင်တွင်လမ်းလျှောက်ထွက်စဥ်အဖမ်းခံရခြင်းဖြစ်တယ်လို့ ၄င်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ “တင်ပါးဆုံနားက အကြိတ်ခွဲထုတ်ရပြီး ဆေးရုံတက်ခဲ့ရသူဖြစ်တယ်။ ဆေးရုံဆင်းပြီးနောက်လည်း လေ့ကျင့်ခန်းလုပ်ဖို့ လမ်းတွေလျှောက်ပေးရတဲ့အနေအထားဖြစ်တဲ့အတွက် လမ်းလျှောက်တဲ့အချိန် အဖမ်းခံရတာဖြစ်တယ်၊ခွဲစိတ်ခံယူတာတော့ကြာပြီ လမ်းလျှောက်ရင်တော့ သိပ်မသန်ဘူး ပြီးတော့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်လဲဖြစ်တယ် နောက်ဆုံးအဆင့် ဆေးပုံမှန်တိုက်ပေးရတယ်၊သူကရောဂါဝေဒနာရှင်လဲဖြစ်တော့ ပုံမှန်ဆေးမသောက်ရရင် အသက်ဆုံးရှုံးနိုင်တဲ့အဆင့်ဆိုတော့ သူ့အစ်ကို က အရမ်းစိတ်ပူနေတယ် “လို့ နီးစပ်သူကပြောပါတယ်။…

Read More

တမူးမြို့မှာ စစ်မှုထမ်းဖို့နာမည်စာရင်းနဲ့ဖမ်းဆီးတာတွေ လုပ်လာနေတယ်လို့ ဒေသခံတွေပြော

ဩဂုတ်လ ၂၆ ရက်။ အိန္ဒိယ – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ပြီးဇူလိုင်လလောက်ကစလို့ နာမည်စာရင်းနဲ့စစ်မှုထမ်းဖို့ လူသစ်စုဆောင်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ တမူးဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ တမူးဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ လလောက်ကစပြီးထင်တယ် နာမည်စာရင်းနဲ့တကွ ည ၈ နာရီနောက်ပိုင်း အိမ်လာပြီး ဖမ်းဆီးခေါ်သွားတာတွေ ရှိလာနေတော့ စိုးရိမ်နေရတယ် ဒီမှာက ပြည်သူ့စစ်မှုထမ်းများတော့ စစ်မှုထမ်းဖမ်းပြီး တချို့က ပြန်လွတ်တာရှိတယ် တချို့က ပြန်မလွတ်ပဲ စစ်မှုထမ်းရတာရှိတယ် လောလောဆယ် ဆေးသမားအများစုကို စစ်ထဲထည့််တာများတာ တွေ့ရတယ်” လို့ပြောပါတယ်။ စစ်တပ်ထောက်ခံအားပေးတဲ့ ပျူစောထီးအားကောင်းတဲ့ တမူးမြို့မှာ ည၈ နာရီနောက်ပိုင်း အပြင်မှာ တွေ့တဲ့ ဘယ်သူကိုမဆိုလည်း ဖမ်းဆီးတာတွေ လုပ်နေတဲ့ကြောင်းကိုလည်း တမူးဒေသခံတွေဆီကနေ သိရပါတယ်။ “ ဒီလိုပဲ အိမ်မှာနေကြရတာ ကြောက်လို့…

Read More

ရန်ကုန်မှာ အိမ်မှာတစ်ဦးတည်းနေသော ချင်းအမျိုးသမီးတစ်ဦး အိမ်အတွင်း ရိုက်နှက်လုယှက်ခံရ

ဩဂုတ်လ ၂၁ ရက်။ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဆရာမညောင်ဒိတ်လျန်း (Niang Deih Lian @ Niangnu) ဟာ သူမအမှုတော်ဆောင်ရာ ရန်ကုန်မြို့၊အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church ဘုရားရှိခိုးကျောင်း အဆောက်အဦး အတွင်းမှာတစ်ဦးတည်း ရှိနေချိန်မှာ အသိမိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဒေါ်မိငယ် မှ ရိုက်နှက်ပြီး အိမ်အတွင်းရှိ ပစ္စည်းများလုယူသွားခဲ့တာကြောင့် မြောက်ဉက္ကလာပ ပြည်သူ့ဆေးရုံတွင် ပို့ဆောင် ကုသမှု ခံယူ ခဲ့ရတယ် လို့ ဆွေမျိုး အသိုင်းအဝိုင်းများရဲ့ ပြောပြချက် အရ သိရှိ ခဲ့ရ ပါတယ်။ “ဒေါ်မိငယ်က အဲဒီ ဘုရားရှိခိုးကျောင်းမှာ တက်ရောက်ခဲ့ဖူးသူ ဖြစ်တော့ ဆရာမညောင်နူး…

Read More

ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်ရာမြို့များမှာ စတင်ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ဩဂုတ်လ ၂၀ ရက်။ လာမည့် ၂၀၂၅ ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်းယမန်နေ့ ဩဂုတ်(၁၉)ရက်က မကွေးတိုင်း ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် အာဏာသိမ်းစစ်ကောင်စီရဲ့နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့ပါတယ်။ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင်ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ လာမည် ၂၀၂၅ ဒီဇင်ဘာ(၂၈)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမည် ရွေးကောက်ပွဲရက်ကိုလည်း ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်က ဩဂုတ်(၁၈)ရက်က အသိပေးထားပါတယ်။

Read More

စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲသည် ပဋိပက္ခများ ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်

သြဂုတ်လ ၁၉ ရက်။ စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့် အစား ပဋိပက္ခများကို ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC ) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင် အစိုးရ မဟုတ်သော စစ်အာဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အားပေးရာ ရောက်ပြီး စစ်ကော်မရှင် ကျူးလွန် သောရာဇဝတ်မှုများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူများ အဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းကို ခံရလိမ့်မည်ဖြစ်တယ်လို့ ဆိုထားပြီး နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေးကြရန်နှင့်…

Read More

ရွေးကောက်ပွဲအပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းမယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၈ ရက်။ လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမှာဖြစ်ကြောင်း၊ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ဒီဇင်ဘာလ…

Read More

မြန်မာနိုင်ငံမှာ ရခိုင်လူငယ် ၆၀ % ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ % နဲ့ချင်းပြည်နယ်မှာ လူငယ် ၄၈ % က နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ UNDP ထုတ်ပြန်

သြဂုတ် ၁၂ ရက်။ မြန်မာနိုင်ငံမှာ အာရက္ခဒေသက ရခိုင်လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဟာ အခွင့်အရေးရရင်ဒေသကိုစွန့်ခွာဖို့ ဆန္ဒရှိနေကာ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ ဒသမ ၇ ရာခိုင်နှုန်း၊ချင်းပြည်နယ်မှာတော့ လူငယ် ၄၈ ရာခိုင်နှုန်းက နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ဒီ‌နေ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အတွက် ထုတ်ပြန်လာတာတဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ နိုင်ငံကနေ စွန့်ခွာလိုသူ ပဲခူးတိုင်းမှာ လူငယ် ၄၆ ဒသမ ၂ ရာခိုင်နှုန်း၊မွန်ပြည်မှာ ၄၂ ဒသမ ၁ ရာခိုင်နှုန်း၊မကွေးတိုင်းမှာ ၃၉ ဒသမ ၉ ရာခိုင်နှုန်း၊ကရင်ပြည်မှာ ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊နေပြည်တော်၊ရှမ်း၊ကယားနဲ့ကချင်ပြည်တွေမှာ ၃၆…

Read More