ချင်းဖိုက်တာဆလိုင်းဂျွန်မွှတ် မွေထိုင်းပွဲမှာအနိုင်ရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့စက်တင်ဘာလ ၁၈ ရက်နေ့ ထိုင်းစံတော်ချိန် ည ၉ နာရီ မှာ Loikroh Boxing Stadium မှာ ကျင်းပခဲ့တဲ့ မွေထိုင်းပွဲစဉ်တွေမှာ ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ သူ့ပြိုင်ဘက်ကိုအလဲထိုးပြီးအနိုင်ရခဲ့ပါတယ်။ Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာ MMA ပွဲနှစ်ပွဲ နဲ့ ဒီညပွဲအပါအ၀င် မွေထိုင်းပွဲ ၂ ပွဲ ထိုးသတ်ခဲ့ပြီးဖြစ်ကာ ပွဲစဉ် ၄ ပွဲလုံးကိုအနိုင်ရရှိ ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ထန်လွှားကျေးရွာဇာတိဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း MMA ဖိုက်တာ တစ်ယောက်ဖြစ်ဖို့ ထိုင်းနိုင်ငံမှာ…

