မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းခွဲနီးပါးရှိေကြာင်း ကုလသမဂ္ဂ ထုတ်ပြန်
စက်တင်ဘာလ ၂၈ ရက်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများ နှင့် တိုက်ပွဲများကြောင့် လူဦးရေ ၃ ဒသမ ၅ သန်း နီးပါးမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အသက်ကယ်ဆယ်ရေး အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) က စက်တင်ဘာလ ၂၇ ရက်ကထုတ်ပြန်ပါတယ်။ အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ ၃ ဒသမ ၂ သန်းခန့်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများ ၊ ပဋိပက္ခများ နှင့် မလုံခြုံမှုများကြောင့် ဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်သွားခြင်းမှာ ဆိုးရွားသည့် မှတ်တမ်းတစ်ခုပင်ဖြစ်ကြောင်း UNOCHA ကထုတ်ပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေအိမ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေသူဦးရေမှာ တစ်စထက်စ မြင့်တက်လာခဲ့ပြီး…

