ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ နေပြည်တော်က အရှိုချင်းလူမျိုးတွေနေထိုင်တဲ့ရွာကို စစ်ကောင်စီကကယ်ဆယ်ရေးလုပ်ဆောင်

ရေကြီးရေလျှံဖြစ်လို့လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ နေပြည်တော်၊လယ်ဝေးမြို့နယ် စစ်တောင်းမြစ်ဘေးက အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာကို စစ်ကောင်စီကကယ်ဆယ်ရေးလာလုပ်ပေးပြီး ကျေးရွာလူထုကို ဆေးတပ်ဖွဲ့ကစစ်ဆရာဝန်တွေကဆေးကုသပေးတာနဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းတွေထုတ်လွှင့်နေတဲ့ People Media က တင်ဆက်တဲ့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်ညနေသတင်းအရသိရပါတယ်။ အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာအကြောင်းနဲ့ ပက်သက်လို့People Media ရဲ့သတင်းရုပ်သံတင်ဆက်သူက “ လယ်ဝေးမြို့ ကျောက်တစ်လုံးရွာ ဒု – တိုင်းမှူးကြီးနဲ့ ဆေးတပ်ဖွဲ့ဆရာဝန်တွေက ပူးပေါင်းပြီးတော့ ဒေသခံတွေကို ဆေးဝါးကုသပေးနေတယ်ပေါ့ ဒီရွာက အရှိုချင်းရွာဖြစ်တယ် ဒီရွာက ခရစ်ယာန်ဘာသာကိုးကွယ်တယ်၊ဗုဒ္ဓဘာသာလည်းကိုးကွယ်တယ်” လို့ပြောပါတယ်။ အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာမှာဆေးတပ်ဖွဲ့က ဆေးကုသပေးနေစဉ် ကျန်းမာရေးအရ အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်တဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ကလေးငယ်ရဲ့ မိသားစုတွေကိုလည်း ဆေးရုံကို ချက်ခြင်းပို့်ဆောင်ပေးခဲ့တယ်လို့…

Read More

ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့် တိုက်ရိုက်ပံ့ပိုးပေးဖို့CNF၊ KNPP၊ KNU နဲ့ NUG တို့ကတောင်းဆို

ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာနေရာအနှံ့အပြား ရေကြီးရေလျှံမှုဘေးအန္တရယ်ကျရောက်တာကြောင့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို ကူညီပံပိုးပေးကြဖို့နဲ့ ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့်တိုက်ရိုက်ပံ့ပိုးပေးဖို့တောင်းဆိုကြောင်းချင်းအမျိုးသားတပ်ဦး (CNF)၊KNPP၊ KNU နဲ့ MoHADM – NUG(အမျိုးသားညီညွတ်ရေးအစိုးရ)တို့က ပူးတွဲပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ရေဘေးသင့်ပြည်သူတွေအားလုံးကို အညီအမျှရရှိစေရန် ဆောင်ရွက်ပေးဖို့၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးက လူသားစာနာဝန် ကြီးဌာနတာဝန်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့၊ နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ပေးဖို့…

Read More

ရေဘေးကြောင့် တနိုင်ငံလုံးမှာ ပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦး ပျောက်ဆုံးလျက်ရှိ

စက်တင်ဘာလ ၁၇ ရက်။ တိုင်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် နိုင်ငံအဝှမ်းမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ တနိုင်ငံလုံးမှာ ဒေသခံပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦးပျောက်ဆုံးလျက်ရှိကြောင်းစက်တင်ဘာလ ၁၆ ရက်နေ့အထိ ကောက်ယူတဲ့စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ရာဂိမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈၄ မြို့နယ်တို့မှာ ရုံး/ဌာန အဆောက်အဦး ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦး ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေနစ်မြုပ်ခြင်း ဖြစ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။…

Read More

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိ

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလ အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိခဲ့ကြောင်း သုတေသနလုပ်ငန်းများဆောင်ရွက်နေတဲ့ Data for Myanmar က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူများမှာ Facebook ပေါ်မှာ ရေးသားမျှဝေခြင်း၊ Tik Tok, Telegram နှင့် Viber မှာ ဝေဖန်ရေးသားခြင်းနှင့် စစ်ဆေးရေးဂိတ်များမှာ ရှောင်တခင် ဖုန်းများစစ်ဆေးခြင်းကြောင့် ဖမ်းဆီးအရေးယူခံရခြင်းများဖြစ်ကြောင်း၊ အမျိုးသား ၁၀၇၈ ဦး၊ အမျိုးသမီး ၆၁၃ ဦး ဖမ်းဆီးခံထားရပြီး၊ဖမ်းဆီးခံရသူများထဲမှာ ရန်ကုန်နှင့်မန္တလေးမြို့တွင် နေထိုင်သူများမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်ကြောင်း အများဆုံးဖြစ်ကြောင်း Data…

Read More

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ကျော်ပျက်စီး

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၃ နှစ်ကျော်အတွင်း (၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်ဇူလိုင်လကုန်)အထိ Data for Myanmar ရဲ့ ကောက်ယူစုစည်းတဲ့အချက်အလက်တွေအရ စစ်ကောင်စီ နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးမှာ အရပ်သားနေအိမ်ပေါင်း ၁၀၁၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က စက်တင်ဘာလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ၇ သောင်းကျော်နဲ့ အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းကျော်ထိရှိခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင် နဲ့ ချင်းပြည်နယ်တွေမှာလည်း အရပ်သားနေအိမ်ပေါင်း ၂ သောင်း၃…

Read More

ချင်းပြည်နယ်အပါအဝင် တိုက်ပွဲကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာနေသူတွေကိုသွားရောက်ကူညီပံ့ပိုးနိုင်ရန် ဆုံးဖြတ်ထားကြောင်း ICRC ထုတ်ပြန်

ချင်းပြည်နယ်အပါအဝင် တိုက်ပွဲကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ နေသူတွေကိုသွားရောက်ကူညီပံ့ပိုးနိုင်ရန် သန္နိဋ္ဌာန်ချဆုံးဖြတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အဖွဲ့က ဒီကနေ့စက်တင်ဘာလ ၁၀ ရက်နေ့ မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲ ပဋိပက္ခတွေကြောင့် စိန်ခေါ်မှုများစွာရှိနေပေမယ့် ICRC အနေနဲ့ ဘေးဖြစ်ဖို့ အလွယ်ကူဆုံး ရပ်ရွာလူထုတွေဖြစ်တဲ့ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ချင်း၊ ကယား နဲ့ ကရင်ပြည်နယ်က ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာနေသူတွေဆီကိုသွားရောက်ကူညီပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌာန်ချထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပေးလိုတဲ့ ICRC ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို သွားရောက်ခွင့် ပိုမိုရရှိနိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ICRC ဥက္ကဌ Ms.Mirjana Spolijaric တွေ့ဆုံစဉ် စစ်ခေါင်းဆောင်ကို ICRC ဥက္ကဌက တိုက်တွန်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ…

Read More

လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ မရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ ကို ပြောကြား

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီမရောက်ဖို့ စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်ဟာ ဂျနီဗာကွန်ဗင်းရှင်းနဲ့ အညီလုပ်ဆောင်နေတယ်လို့လည်း ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စမဂျာနာစပိုဂျာရစ်နဲ့ စက်တင်ဘာလ ၉ ရက် နေပြည်တော်မှာ တွေ့ဆုံချိန်ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီကစက်တင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်ညက ရှမ်းပြည် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင်…

Read More

မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲအတွက် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက်ယူသူတွေကို ပြည်သူတွေအနေနဲ့ အချက်အလက် မှန်မှန်ကန်ကန် ဖြေကြဖို့ လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံကိန်းနဲ့ ကောက်ယူဖို့ စီမံဆောင်ရွက်နေပါတယ် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်စိုက်ကြိုးပမ်းဆောင်ရွက်လာတာ…

Read More

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLDပါတီထုတ်ပြန်

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ပါတီအစည်းအဝေးမှာကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့် ကျင်းပခဲ့ရာ၊အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၀) ဦး၊ အရံဗဟိုကော်မတီဝင် (၁၁) ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀) ဦး စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ…

Read More

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့ နဲ့ မြန်မာနိုင်ငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေ ကို ကာကွယ်ပေးဖို့ အိန္ဒိယအစိုးရကို India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်း

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးဖို့အိန္ဒိယနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်းခံစာ သြဂုတ်လ ၂၂ ရက်နေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ကျနော်တို့ တောင်းဆိုချက်က နှစ်မျိုးရှိတယ် ပထမတစ်မျိုးကတော့ ဟိန္ဒူအသိုင်းအဝိုင်းတွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကြုံတွေ့နေရတဲ့ ဟာရယ် ခေတ်အဆက်ဆက်ဆိုတဲ့နေရာမှာ မင်းအောင်လှိုင်အာဏာရရှိလာပြီးနောက်ပိုင်း အခြေအနေပိုပိုဆိုးလာနေတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေရဲ့ အခြေအနေကို ကာကွယ်ပေးဖို့…

Read More