အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း ACDF ကသတင်းထုတ်ပြန်
ဒီဇင်ဘာလ ၅ ရက်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်၊အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း၊၎င်းတို့နဲ့အတူသေနတ် ၄ လက်နှင့် ခဲယမ်းများ ၊ Laptop Computer ၁ လုံး၊ဖုန်းတလုံးသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ဒီဇင်ဘာလ ၄ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။ ACDF တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ACDF၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ များကအမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကိုဖမ်းမိခဲ့တာဖြစ် ကြောင်း၊စစ်သုံ့ပန်းများအားစနစ်တကျထိန်းသိမ်းထားပြီး ဒဏ်ရာရထားသူများကို ဆေးကုသပေးထားကာ ကျန်းမာရေး၊နေထိုင်စားသောက်ရေးကိစ္စများအား ဖြည့်ဆည်းဆောင်ရွက်ပေးနေ ကြောင်း ACDFထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒေသအသီးသီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်အတွက်အသေခံတိုက်မည်လား၊ စစ်တပ်အားစွန့်ခွာကာ…

