CDF -Asho တပ်စိတ်မှုး ရှေ့တန်းမှာကျဆုံးကြောင်း CDF-Asho ထုတ်ပြန်

မတ်လ ၂၈ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို( CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်တစ်ဦးဖြစ်တဲ့ CDF – Asho ရဲ့ တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်းဟာ မတ်လ ၂၅ ရက်နေ့တွင် ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်းCDF-Asho က ဒီကနေ့မတ်လ ၂၈ ရက်မှာ အမိန့်ပြန်တမ်းထုတ်ပြန်ပါတယ်။ မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ရဲဘော်အားလုံး အဆုံးတိုင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ တော်လှန်ရေးတာဝန်တွေကို အသက်နဲ့ ခန္ဓာစွန့် ထမ်းဆောင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ (CDF – အရှို)တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်း ဝိညာဉ်ရှေ့မှောက် ကတိသစ္စာပြုတယ်လို့ CDF – Asho က မတ်လ…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာ

မတ်လ ၂၈ ရက်။ ဒီကနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အဆောက်အအုံပြိုကျပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ကြေညာထားပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လက် လှုပ်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့လိုအပ်မယ်လို့ စစ်ကောင်စီက ဒီကနေ့မတ်လ ၂၈…

Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

မတ်လ ၂၇ ရက်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှု့ပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေ အကြမ်းဖက်သောင်းကြမ်းတဲ့ အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းတွေကနေ တဆင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ် နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးေနွးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို…

Read More

တမူးမြို့နဲ့ မိုးရေးမြို့ကြားမှာ အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတာဟာ သာမန်ပြည်သူ အရေးပေါ် စစ်ဘေးရှောင်ချင်သူတွေကို ဟန့်တားနိုင်တာကလွဲရင် ဘာမှ အကျိုးမရှိနိုင်လို့ဆို

မတ်လ ၂၇ ရက်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ မဏိပူရပြည်နယ်၊မိုးရေးမြို့ကြားက အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ကို အိန္ဒိယအစိုးရဘက်က မတ်လ ၂၅ ရက်နေ့ ကစလို့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတာဟာ သာမန်ပြည်သူ အရေးပေါ် စစ်ဘေးရှောင်ချင်သူတွေကို ဟန့်တားနိုင်တာကလွဲရင် ကျန်တာဘာမှ အကျိုးမရှိနိုင်တဲ့အကြောင်း အိန္ဒိယ မြန်မာ့အရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည် ေထာင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ နယ်စပ်ခြံစည်းရိုးကာရံမယ့် နေရာဟာ အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကနေ နယ်စပ်မှတ်တိုင် ၇၇ ကနေ ၇၉ အထိ ကာရံဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဟောင်လင်ဖိုင်ကျေးရွာအနီး မိုင်တိုင် ၇၆ အထိ တိုးချဲ့ကာရံဖို့ အိန္ဒိယအစိုးရဘက်က လုပ်ဆောင်နေတာလို့ ဒေသအခြေစိုက် မီဒီယာနေတွေကနေ…

Read More

ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အထိ ကျင်းပမယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော

မတ်လ ၂၆ ရက်။ စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် နောက်နှစ် ၂၀၂၆ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေအထိ ၁ လ အချိန်ယူပြီး ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ “” ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပထမပတ်နဲ့ ဒုတိယပတ်တွေအတွင်း မှာကျင်းပပြုလုပ်ဖို့လျာထားပါတယ်၊သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် Electronic Voting Machine တွေနဲ့ဆောင်ရွက်တာကြောင့် အချိန်တိုအတွင်းမှာ ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်ရရှိခြင်းတွေရရှိမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့…

Read More

သက်ဆိုင်တဲ့အစုအဖွဲ့တွေမပါပဲ နေပြည်တော်မှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့လုပ်ဆောင်နေတာလို့ CNF ပြော

မတ်လ ၂၆ ရက်။ နေပြည်တော်မှာ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံရေးပြသနာမှာ သက်ဆိုင်တဲ့အစုအဖွဲ့ တွေ မပါတဲ့အတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။ အမျိုးသားစည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က တာဝန်ရှိသူတွေ ၊ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 ကို…

Read More

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှမ်းခါးရွာမှ CDM ဆရာဝန်မိသားစုသေဆုံးမှုဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

မတ်လ၂၅ ရက်။ မတ်လ ၂၂ ရက်က စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်တို့တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကဦးဆောင်ပြီး မတ်လ ၂၄ ရက်ညမှာ ဝမ်းနည်းခြင်းသပိတ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်သူလူထုမှ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြပါရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တိုက်တွန်းထားပါတယ်။

Read More

ရန်ကုန်မြို့မှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိ

မတ်လ ၂၁ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ် (၁၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းက ရေမြောင်းထဲမှာ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်ချင်းအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတခုကို မနေ့မတ်လ ၂၀ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ ဆလိုင်းဆန်းပွီး( ၃၂) နှစ်အရွယ်ဖြစ်ပြီး ညာဘက်မျက်လုံးတဝိုက် ထိခိုက်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပြီး ဆလိုင်းဆန်းပွီးဟာ ချင်းပြည်နယ်၊မတူပီမြို့နယ် ဇာတိသားဖြစ်ပေမယ့် ရန်ကုန်မှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားသူရဲ့ မိတ်ဆွေတစ်ဦးက “သတင်းစစကြားခြင်းတော့ ကားတိုက်ခံထားရတယ်လို့ပဲကြားတာ အခုတက်လာတဲ့ သတင်းတွေအရတော့ အသတ်ခံရတယ်လို့ ပြောလို့ရတယ် ဒါပေမယ့် အသတ်ခံရတာလား accident ဖြစ်တာလား သေချာတော့ မပြောတတ်သေးဘူးပေါ့နော် သူကအရင်ကတည်းက ရန်ကုန်မှာ နေထိုင်တဲ့သူဖြစ်တယ်…

Read More

ငဖဲမြို့နယ်က တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီး

မတ်လ ၁၉ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် ပဒါန်း – မင်းဘူး ကားလမ်းဟောင်းက တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၆ ယောက်ကို ၁၅ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ သိရတယ် အခုထိတော့ မလွတ်သေးဘူး။ CDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာလို့ပြောတယ်။ ACDF နဲ့ CDF အရှိုတွေက သူတို့ကို ဖမ်းတာတောင်မသိဘူး” လို့ပြောပါတယ်။ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ရဲ့ တပ်မ…

Read More

Myanmar Star Season 2 ရဲ့ Grand Final ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄ ဦးမှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

မတ်လ ၁၄ ရက်။ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ Myanmar Star Season 2 ရဲ့ Top 7 result show မှာ Grand Final ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူ ၄ ဦးထဲမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ပါဝင်ခဲ့ကြောင်း Myanmar Star Top 7 result show တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိရပါတယ်။ Ephraim Kyaw Oo (Paletwa), Nan Ni (Myitkyina), Saw Myo Razar Kyaw…

Read More