ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူလူထုအား စာနာထောက်ထားသောအားဖြင့် ဧပြီ ၂ မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း စစ်ကောင်စီ ထုတ်ပြန်
ဧပြီ ၂ ရက်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် ဧပြီ ၂ မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ကိုဒီကနေ့ဧပြီလ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ၁။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ…

