
လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကိုဆန့်ကျင်ကြဖို့ ခရစ္စမတ်ပွဲမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော
လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီဇင်လာလ ၂၂ ရက်မှာ ရန်ကုန်မြို့ ၊ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church မှာ ပြုလုပ်ကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်အကြို)ကျေးဇူးတော်ချီးမွမ်းခြင်း နဲ့ မိတ်သဟာယညစာစားပွဲ မှာပြောကြားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟုဆိုနိုင် ကြောင်း ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ဘာသာ၊ သာသနာရေးတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့် အညီအမျှရရှိရေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။…