ကလေးမြို့မှာ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၆ ဦးကို အချိန် တစ်ပတ် ကြာလာတဲ့ အထိ မတွေ့ရှိသေး
ဇွန်လ ၂၆ ရက်။ ဇွန်လ ၁၉ ရက်နေ့ ကနေ စပြီး မိသားစု နဲ့ အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေတဲ့ ကလေးမြို့ အထက (၈)မှ ကျောင်းသား ၆ ဦးကို အချိန်တစ်ပတ်ကျော် ကြာလာသော်လည်း မည်သည့် သတင်း အစအနမျှ ရရှိ နိုင်ခြင်း မရှိ၊မတွေ့ရှိသေးကြောင်း မိသားစုဝင်များ ထံမှ သိရှိရပါတယ်။ မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်းမြင့်နိုင် (၁၇ နှစ်)၊ မောင်ကျော်ဇင်ဖြိုး (၁၅နှစ်)၊ မောင်မားဟုန်(၁၇ နှစ်) နှင့် မောင်ဇော်သူလင်း (၁၅ နှစ်) တို့ဟာ ဇွန်လ ၁၉ ရက်နေ့တွင် လည်းကောင်း၊ မောင် ဘွေထချွ (၁၄နှစ်) ဟာ ဇွန်လ ၂၀…

